3/21/2014

ခေါင်းကိုက် သက်သာစေမယ့် Cefaly ခေါင်းပတ်

headache 



ဗြိတိန်နိုင်ငံမှာ စတင် ရောင်းချနေပြီ ဖြစ်တဲ့ ခေါင်းပတ် ဖြစ်ပါတယ်။ Cefaly လို့ အမည်ပေးထား ပါတယ်။ အီလက်ထရောနစ် ခေါင်းပတ် ဖြစ်ပါတယ်။ ဓာတ် မလိုက် ပါဘူး။ သူက FDA ကိုယ်တိုင် ခွင့်ပြု ထောက်ခံ ထားတဲ့ ကျန်းမာရေး အထောက်အကူပြု အီလက်ထရောနစ် ပစ္စည်း ဖြစ်ပါတယ်။ သူက ခေါင်းမှာ ပတ်ထားရုံနဲ့ အီလက်ထရောနစ် အားပြု တုန်ခါမှု လှိုင်း တစ်ခု ထွက်ပြီး ဦးနှောက်ထဲက ဆဲလ်နဲ့ သွေးကြောများ ကိုက်ခဲ နေမှု ကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် ပြည့်ပြီး သူများသာ အသုံးပြုရန် အတွက် ရည်ရွယ်တဲ့ ပစ္စည်း ဖြစ်ပြီး တစ်ရက်ကို မိနစ် ၂၀ ပတ် ထားပြီး အသုံးပြုခြင်းဖြင့် ဦးခေါင်း နဲ့ ပက်သက်တဲ့ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Cefaly ကို ဗြိတိန်မှာ ရောင်းရင် အရင်ဆုံး ရက် ၄၀ စမ်းသပ် အသုံးပြုစေ ပါတယ်။ ပြီးတော့ မကြိုက်ရင် မဝယ်လည်း ရပါတယ်။ သို့ပေမယ့် အသုံးပြုခ အဖြစ် ဗြိတိန်ပေါင် ၄၃ ပေါင် ယူပါတယ်။ အကယ်၍ ဝယ်ဖို့ ဆုံးဖြတ်လိုက်ရင် ဝယ်မယ့် အထဲမှာ ၄၃ ပေါင်ကို ထည့်တွက် ပေး ပါတယ်။ Cefaly တစ်ကွင်းရဲ့ တန်ဖိုးဟာ ဗြိတိန်ပေါင် ၂၅၉ ပေါင် ရှိကြောင်း သိရ ပါတယ်။ ကုန်ပစ္စည်း ရှင်းလင်း မိတ်ဆက် 




ဗီဒီယို ကြည့်ရှုရန်- http://youtu.be/S_p0WlJd_dw 


Thihahtike


Welcome From My Blog


Ref&Credit-smartpro journal(smart.com.mm)
































ဒေါင်းလုပ် Link တော့မဟုတ်ပါ။ သို့ပေမယ့် Click တစ်ချက်လောက်နှိပ်ပေးမယ်ဆိုရင် ကျွန်တော့်ကိုအများကြီးကူညီရာရောက်ပါတယ်ဗျာ


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download