ဘိုအင်းကုမ္ပဏီဟာ လေယာဉ်၊ ရော့ကဒ် ၊ Satellite အနေနဲ့ အခြားအစိတ်အပိုင်းတွေကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ဘိုအင်းကုမ္ပဏီကို ၁၉၁၆ ခုနှစ် ဇူလိုင်လ(၁၅)ရက် မှာ William Boeing က စတင်တည်ထောင်ခဲ့ပါတယ်။ အခု ဘိုအင်းကုမ္ပဏီဟာ အမေရိကန် နိုင်ငံရဲ့ အစိုးရဌာနတွေကို အဓိကရောင်းချမယ့် ဖုန်းတစ်မျိုးကို ရောင်းချတော့မယ်လို့ သိရပါတယ်။သတင်းထွက်ပေါ်နေတာကြာပြီဖြစ်တဲ့ဘိုအင်းကုမ္ပဏီရဲ့အန်ဒရိုက်စနစ်သုံးဖုန်းတစ်မျိုးဟာမကြာမီထွက်ရှိတော့မယ်လို့ သိရပါတယ်။
ပိုင်ရှင်မဟုတ်တဲ့လူတစ်ယောက်ဝင်ရောက်အသုံးပြုမယ်ဆိုရင် ဒီစမတ်ဖုန်းဟာ သူ့အလိုလိုပျက်ဆီးနိုင်မယ့် စနစ်တစ်မျိုးကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ The Boeing Black(H8V-BLK1) လို့အမည်ရတဲ့ ဒီဟန်းစက်ရဲ့သတင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဟန်းစက်ကို SimCard နှစ်ကတ်အသုံးပြုနိုင်ပြီး GSM, WCDMA နဲ့ LTEကွန်ယက်တွေ ကိုထောက်ပံ့နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုက်ခရို SimCards ကို အသုံးပြုထားပြီး ဝိုင်ဖိုင်စနစ်၊ ဘလူးတုစနစ် ထောက်ပံ့ထားသလို USB နဲ့ HDMI အပေါက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခြားသူတွေ မိမိနဲ့မသက်ဆိုင်ဘဲ ဝင်ရောက်မကြည့်ရှုနိုင်အောင်လည်း ဖုန်းခွံနားနဲ့ဝက်အူနားတစ်ဝိုက်မှာ eproxy ဆိုတဲ့စနစ်တစ်မျိုးကို ထည့်သွင်းထားပါတယ်။ Boeing ကုမ္ပဏီရဲ့ Black ဖုန်းကို အစိုးရဌာနတွေကိုအဓိကရောင်းချမှာဖြစ်ပြီးကုမ္ပဏီအနေနဲ့လည်းကာကွယ်ရေးနဲ့နိုင်ငံလုံခြုံရေးတို့ကိုအဓိကတာဝန်ယူထားတဲ့ ဌာနတွေနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဝယ်ယူမယ့်သူဟာ ဟာ့ဒ်ဝဲလ်၊ ဆော့ဖ်ဝဲလ်၊အက်ပလီကေးရှင်းနဲ့ ဟန်းစက်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်တဲ့ ဘိုအင်းကုမ္ပဏီရဲ့သဘောတူညီချက်အတိုင်း လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ဖုန်းကိုဖွင့်ပြီး နည်းပညာကို ပုံတူပွားလို့မရအောင် အခုလို သဘောတူ စာချုပ်ချုပ်ဆိုရမှာ ဖြစ်တယ်လို့ သိရပါသည်။
Thihahtike
Welcome From My Blog
Welcome From My Blog
Ref:MRTV-4
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။