3/05/2014

3G ကွန်ရက် စမ်းသက်ချိတ်ဆက်မှု အောင်မြင်မှုဟု အော်ရီဒူးဆို








အော်ရီဒူးမြန်မာက တည်ဆောက် နေသော 3G ကွန်ရက်ချိတ် ဆက်ခြင်း၊ ဖုန်းခေါ်ဆို  ဆက်သွယ်ခြင်း၊ ဖုန်းကတ် ငွေဖြည့်ခြင်း၊ စာတိုပေးပို့ခြင်း၊ အင်တာနက် သုံးစွဲခြင်းနှင့် အသံလှိုင်းများ စမ်းသပ်ခြင်းများ ကို ယခုလအတွင်း စမ်းသပ်အောင်မြင် ခဲ့ကြောင်း အော်ရီဒူးမြန် မာ၏ အလုပ်အမှုဆောင်ချုပ် Mr.Ross Cormack ခု က ပြောကြားသည်။ ယင်းစမ်းသပ်မှုကို Huawei ကုမ္ပဏီ၏ သတင်းအချက်အလက်နှင့် နည်းပညာစနစ်များ သုံးစွဲကာ အော်ရီဒူးမြန်မာ၏ Data Center နှင့် ရုံးချုပ်တည်ရှိရာ MICT Park နှင့် ပတ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အော်ရီဒူးမြန်မာ ကုမ္ပဏီထံမှ သိရှိရသည်။
“ကျွန်တော်တို့ အခုလို အောင်အောင်မြင်မြင် ကွန်ရက်ကို ချိတ်ဆက်လို့ ရသွားတာက ကျွန်တော်တို့ အော်ရီဒူးမြန်မာအတွက် သမိုင်းမှတ်တိုင် တစ်ခုပါပဲ” ဟု Ross Cormack ပြောကြားသည်။ လက်ရှိ 3G စနစ် ကွန်ရက်ချိတ်ဆက်မှု အောင်မြင် ခဲ့သော်လည်း ဆောင်ရွက်ဆဲ တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ အချိန်တိုအတွင်း သတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်ရေးမှာ စိန်ခေါ်မှုများ ရှိနေကြောင်း ၎င်းကဆိုသည်။
“ဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို အလျင်အမြန် ပြီးစီးဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု Ross Cormack က ဆိုသည်။ အော်ရီဒူးမြန်မာ ကုမ္ပဏီသည် လာမည့် ဇူလိုင်လအတွင်း မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်နိုင်ရန် ပြင်ဆင်နေပြီး ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်မှု လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။ “ဇူလိုင်မှာစပြီး Launch (မိတ်ဆက်ရောင်းချ) လုပ်မယ်လို့ ဆိုထားတော့ သူတို့က Speed (အရှိန်) နဲ့လုပ်နေတာပေါ့။
3G စနစ် တကယ်သုံးခွင့် ရတော့မယ်ဆိုတော့ တကယ်စိတ်ဝင်စားတယ်။ အရေးကြီးတာ ဖုန်းခေါ်ဆိုခပဲ။ ဈေးအရမ်းမကြီးဖို့တော့ လိုတယ်” ဟု Star Mobile ဆိုင်မှ ဦးဇော်မင်းက ဆိုသည်။ အခြားဆက်သွယ်ရေး ကွန်ရက်များ ဖြစ်သည့် တယ်လီနောနှင့် ရတနာပုံတို့ကလည်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်နိုင်ရန် ပြင်ဆင်နေပြီး ယခုနှစ်လယ်အပိုင်းတွင် ဝန်ဆောင်မှုများ စတင်မည် ဖြစ်သည်။




Thihahtike


Welcome From My Blog




Ref:YOYARLAY






























 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download