1/25/2014

Internet Download Manager has been registered with a fake serial number problem

Internet Download Manager သုံးတဲ့
သူငယ်ချင်းတော်တော်များများ ကြုံနေရတဲ့
စိတ်ညစ်စရာ ဖြစ်ရပ်လေးပါ ..

IDM နဲ့ ပတ်သက်ရင် ကျွန်တော်အပါအ၀င်
တော်တော်များများဟာ Crack ဗားရှင်းတွေကိုပဲ
အသုံးပြုတဲ့လူ များပါတယ် ...

အဲဒီအခါ .. အင်တာနက်နဲ့ ချိတ်ဆက်တဲ့အချိန်မှာ
ကိုယ့်ရဲ့ IDM ဟာ သူ့ရဲ့ မူရင်း Website နဲ့
ချိတ်ဆက်ပြီး Crack Version ကြီးဖြစ်ကြောင်း သိစေပါတယ် ..

ဒီတော့ .. Internet Download Mandger has been registered with a fake serial number. ဘာညာနဲ့ ကျွန်တော်တို့ကို သူခိုးတွေ လူလိမ်တွေလို့ စွပ်စွဲပါတော့တယ်







Ok ကို နှိပ်လိုက်ရင် သူ့ရဲ့ Website ကို ရောက်သွားမှာဖြစ်ပြီး
Cancel ကို နှိပ်လိုက်ရင် Box က ပိတ်သွားမှာဖြစ်ပါတယ်

ဒါပေမယ့် မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာ အဲဒီ Message Box ဟာ
ထပ်ကာထပ်ကာနဲ့ ပြန်ပြန်ပွင့်လာမှာဖြစ်လို့ စိတ်ညစ်စရာကောင်းပါတယ်

ဒါကြောင်း ဒီပို့စ်လေးမှာ အဲဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အလွယ်ဆုံးနည်းလမ်းလည်းဖြစ်
100% Working လည်း ဖြစ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးမှာဖြစ်ပါတယ် ..

အရင်ဆုံး သူငယ်ချင်းတို့ ဆီမှာ ရှိတဲ့ IDM ကို အဆင်ပြေရာ Patch ဖိုင်တစ်ခုခုနဲ့ Full Version ဖြစ်အောင်
Crack ထားဖို့တော့ လိုပါမယ် .. ( အားလုံးနီးပါးလည်း လုပ်ထားပြီးသား ဖြစ်နေမှာပါ )

အဲဒီလို မလုပ်ရသေးရင်တော့ IDM ဗားရှင်း အားလုံးကို Crack နိုင်တဲ့ Patch ဖိုင်ကို ဒီနေရာ မှာ ဒေါင်းယူနိုင်ပါတယ်

Patch ပေးတာ မတတ်သေးရင်တော့ ဒီပို့စ် မှာ သွားရောက် လေ့လာနိုင်ပါတယ်

ကဲ .. ပြီးပြီဆိုရင်တော့ ...
My computer >> C >> Program files >> Internet Download Manager ဆိုပြီး ဖိုဒါအဆင့်ဆင့်
ဖွင့်ဝင်လိုက်ပါ

Internet Download Manager ဆိုတဲ့ ဖိုဒါထဲမှာ IDMGrHlp.exe ဆိုတဲ့ ဖိုင်နဲ့ idmBrocker.exe ဆိုတဲ့ ဖိုင်နှစ်ဖိုင်ကို ရှာပါ

idmBrocker ဆိုတဲ့ဖိုင်ကို Desktop ပေါ်ဆွဲတင်လိုက်ပါ
အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Rename ကိုရွေးပါ ..
ပြီးရင် idmBrocker ဆိုတဲ့ နေရာမှာ IDMGrHlp လို ပြောင်းပေးလိုက်ပါ
(စာလုံး အကြီးအသေးမှားလို့ မရပါဘူး )



ပြီးရင် Internet Download Manager ဖိုဒါထဲမှာ ကျန်နေခဲ့တဲ့ IDMGrHlp.exe ဖိုင်ကိုလည်း Right click နှိပ်ပြီး Rename ကိုရွေးပါ
ပြီးရင် IDMGrHlp ဆိုတဲ့စာလုံးကို idmBrocker လို့ ပြောင်းပေးလိုက်ပါ



ပြီးရင် Desktop ပေါ်က IDMGrHlp လို့ အမည်ပြောင်းထားတဲ့ဖိုင်ကို Internet Download Manager ဖိုဒါထဲကို ပြန်ထည့်ပေးလိုက်ပါ



အလွယ်ပြောရရင် IDMGrHlp.exe ဖိုင်နဲ့ idmBrocker.exe ဖိုင်နှစ်ဖိုင်ကို နံမည် လဲပေးလိုက်တဲ့ သဘောပါ

ကဲ .. ပြီးပြီဆိုရင်တော့ သူငယ်ချင်းတို့ကို စိတ်ညစ်စေတဲ့ Message Box လေးဟာ လာပါလို့ ခေါ်ရင်တောင် တက်မလာနိုင်တော့ ပါဘူး

အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး





ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download