11/08/2013

Google Search Result မှာ ကိုယ့်ရဲ့ပုံပေါ်အောင်လုပ်နည်း

 http://fnfweb.com/wp-content/uploads/Image-Displayed-Beside-Google-Search-Results.png

ဒီပို့စ်ကိုဖတ်မယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီးမှ ဖတ်ဖို့ အရင်ဆုံး ကြိုတင်တောင်းပန်ထားပါရစေ
ဘာကြောင့်လည်းဆိုတော့ တော်တော်ကြီး အသေးစိပ်ရေးမှ တော်ကာကျနိုင်မယ့် နည်းပညာတစ်ခုဖြစ်နေလို့ပါ

အင်တာနက်အသုံးပြုသူတွေဟာ ကိုယ်လိုချင်တဲ့ဆော့ဝဲလေးတွေ ဒါမှမဟုတ် နည်းလမ်းလေးတွေကို google မှာရိုက်ထည့်ပြီး ရှာဖွေလေ့ရှိကြတာ သဘာဝပါ ..

ဘာကြောင့်လဲဆိုတော့ Google ကို ဆရာမတင်ပဲ နည်းပညာတစ်ခု ထဲထဲဝင်ဝင် သိလာနိုင်ဖို့ မလွယ်လို့ပါ



အဲဒီလို google ရဲ့အကူအညီနဲ့ ရှာဖွေကြတဲ့အခါ Google Search Engine ဟာ ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့စာလုံးတွေထဲက သက်ဆိုင်ရာ Key word တွေနဲ့ တိုက်ဆိုင်ရှာဖွေပြီး Result တွေကို ပြန်ထုတ်ပေးတာဖြစ်ပါတယ်

အဲဒီလိုပေါ်လာတဲ့ Result တွေထဲမှာ အနည်းငယ်မျှသော ပို့စ်ပိုင်ရှင်တွေရဲ့ ပို့စ်လင့်တွေမှာ အဲဒီပို့စ်ပိုင်ရှင်ရဲ့ ပုံလေးတွေ တွဲပါနေတာမျိုးကို သတိထားမိကြမှာပါ ပို့စ်နဲ့အတူတွဲပေါ်လာတဲ့ပုံကိုကြည့်ပြီး ၀င်ဖတ်သင့်မဖတ်သင့်ကို ကျွန်တော်တို့တွေရဲ့ မသိစိတ်ထဲက ဆုံးဖြတ်ချက်ချကြပါတယ်

သာမန်ပို့စ်လင့်တွေထက်စာရင် Author ရဲ့ပုံလေးနဲ့တွဲပြီးပါလာတဲ့ ပို့စ်လင့်တွေကို ၀င်ရောက်ဖတ်ရှုဖို့ကို အများဆုံးရွေးခြယ်ခံရလေ့ရှိတာဟာ အဆင်တန်ဆာအလှအပနဲ့ သက်သေသာဓက ဦးစားပေးတတ်တဲ့ လူတွေရဲ့ ရင်တွင်းဗီဇကြောင့်ပဲလို့ ပြောရမှာဖြစ်ပါတယ်
ဒါဆိုရင် Google ဟာ သူ့ရဲ့ Search Result မှာ ပို့စ်ပိုင်ရှင်အားလုံးရဲ့ ပုံတွေကိုတွဲထုတ်ပေးတာမဟုတ်ပဲ ဘာကြောင့် အချို့ရဲ့ပုံတွေကိုပဲ သက်ဆိုင်ရာပို့စ်လင့်နဲ့အတူ တွဲထုတ်ပေးတာလဲ
ဟုတ်ကဲ့ .. အဖြေကတော့ရှင်းပါတယ် .. အဲဒီပို့စ်ကိုရေးလိုက်တဲ့သူဟာ အဲဒီပုံပိုင်ရှင် အမှန်တကယ်ဖြစ်ပါတယ်လို့ google search engine က အသိအမှတ်ပြုအောင် လုပ်ထားတဲ့သူဆိုရင် Google ရဲ့ Search Result မှာ ပို့စ်လင့်နဲ့အတူ အဲဒီပို့စ်ပိုင်ရှင်ရဲ့ပုံကို ယှဉ်တွဲဖော်ပြပေးမှာ ဖြစ်ပါတယ် ..

အခုနေရာအထိ ဘာကိုပြောနေတာမှန်းမသိသေးဘူးဆိုရင် Browser ရဲ့ Address Bar မှာ ကျွန်တော့်ဘလော့ထဲက ပို့စ်နံမည်တစ်ခုခုကို ရိုက်ထည့်ပြီး ရှာကြည့်လိုက်ပါ ပေါ်လာတဲ့ Result တွေထဲမှာ အခြားသောပို့စ်တွေနဲ့အတူ ကျွန်တော့်ရဲ့ပို့စ်လင့်ကို ဖော်ပြပေးလာမှာဖြစ်ပြီး ကျွန်တော့်ပို့စ်လင့်ရဲ့ရှေ့မှာ ကျွန်တော့်ရဲ့ပုံကို ယှဉ်တွဲဖော်ပြပေးထားတာကို တွေ့ရပါလိမ့်မယ် ...

 အောက်ကပုံမှာပြထားတဲ့ Google Search Result ကို ကြည့်နိုင်ပါတယ်







ကဲ .. ဒီပို့စ်လေးမှာတော့ Google Search Result မှာ ကိုယ့်ရဲ့ပို့စ်နဲ့အတူ ကိုယ့်ရဲ့ပုံကိုပါ တွဲလျက်ဖော်ပြပေးအောင်လုပ်တဲ့ နည်းပညာလေးကို မျှဝေပေးမှာဖြစ်ပါတယ်

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အရင်ဆုံးလုပ်ထားရပါမယ် အရင်ဆုံး ကိုယ့်ရဲ့ဘလော့ကို Google မှာ Submit လုပ်ထားရပါမယ် ကိုယ့်ရဲ့ဘလော့ကို Submit လုပ်တဲ့နည်းကိုတော့ ဒီပို့စ် မှာ သွားဖတ်နိုင်ပါတယ်

ကိုယ့်ရဲ့ဘလော့ကို Google Search Engine မှာ အောင်အောင်မြင်မြင်နဲ့ Submit လုပ်ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့ဘလော့ကို ရေးထားတဲ့ gmail အကောင့်နဲ့ Google + အကောင့်ရှိအောင်လုပ်ထားရပါမယ်

ဒါကတော့ လွယ်ပါတယ် gmail အကောင့်ထဲမှာ +You ဆိုတာကိုနှိပ်ပြီးအကောင့်လုပ်ရင်လည်းရသလို Blogger Dashboard မှာလည်း Google+ ဆိုတာလေးကိုနှိပ်လိုက်ပြီး Google+ အကောင့်လုပ်နိုင်ပါတယ်

 ကဲ .. Google+ အကောင့်ထဲကို ၀င်လိုက်ပါ Google+ မှာတင်ထားတဲ့ Profile ပုံနဲ့ Blog မှာတင်ထားတဲ့ profile ပုံကို တစ်ခုတည်းအတူတူဖြစ်အောင်လုပ်ပါ
 ပြီးတော့ အဲဒီပုံဟာလည်း ဦးခေါင်းပိုင်းနဲ့မျက်နှာကို သိသိသာသာမြင်နိုင်တဲ့ပုံမျိုးဖြစ်ရပါမယ် ( Gravator [ Globle Recoganized Avator ] ဆိုတဲ့ ကမ္ဘာက လူသားမျက်နှာလို့ အသိအမှတ်ပြုထားတဲ့ပုံမျိုးဖြစ်ရပါမယ်)

Google+ အကောင့်ထဲကို ရောက်ပြီဆိုရင် Address Bar မှာရှိတဲ့ လင့်ကို ကူးယူပါ အဲဒီလင့်ထဲက ကိုယ့် Google+ အကောင့်ရဲ့ ID ကို ကူးယူပါ
ဥပမာ - ကျွန်တော့် Google+ အကောင့်မှာရှိတဲ့လင့်က အဲဒီထဲက ကျွန်တော့်ရဲ့ ID ဖြစ်တဲ့ ကိုပဲ ကူးယူထားလိုက်ပါတယ်







 ပြီးရင် ကိုယ့်ဘလော့ကို ပြန်သွားပါ Dashboard ကနေ Pages ကိုနှိပ်ပြီး New page ကနေ blank page ကိုယူပါ Page Title မှာ ကြိုက်တာထည့်ပါ ..
ဥပမာ - ကျွန်တော်ကတော့ Reach me at ပေါ့







အဲဒီ Page မှာ HTML mode ကနေ အောက်မှာပေးထားတဲ့ကုဒ်တွေကို ထည့်ပေးပါ


<a
href="https://profiles.google.com/ဒီနေရာမှာကိုယ့်ရဲ့ G+ ID" rel="me">My Google+ Profile</a>



အောက်ပုံကို နမူနာကြည့်ပါ








အဲဒါကတော့ ကျွန်တော့်ရဲ့ Page မှာသုံးထားတဲ့ကုဒ်ပါ အပေါ်က ကုဒ်တွေကတော့ ကျွန်တော့်ရဲ့ ပုံကိုပါ ရောတင်ထားတဲ့ကုဒ်တွေပါ။ အဓိကကျတာတော့ အပြာရောင်နဲ့ ခြယ်ပြထားတဲ့ ကုဒ်တွေပါပဲ

ပြီးရင်တော့ Publish ကိုနှိပ်ပါ ပြီးသွားရင် View ကိုနှိပ်ပြီး အဲဒီ Page ရဲ့ လင့်ကိုကူးယူထားပါ (ဒီလင့်ကို သိမ်းထားပါ အောက်ကအဆင့်တစ်ခုမှာ ဒီလင့်ကို ယူသုံးမှာပါ)

 နောက်တစ်ဆင့်အနေနဲ့ကတော့ ကိုယ့်ဘလော့ရဲ့ Layout ကနေ ကြိုက်တဲ့နေရာက Add a widget ကိုယူပါ HTML/Java Script ကိုရွေးပြီး Title မှာ ဘာမှမထည့်ပဲ Content မှာ အောက်ကကုဒ်တွေကိုထည်ပေးပါ


<a
href="https://plus.google.com/ဒီနေရာမှာ ကိုယ့်ရဲ့ G+ ID"
rel="author" target="blank">Join me on
Google+</a>



 Join me on Google+ ဆိုတဲ့စာသားနေရာမှာ ကိုယ်ကြိုက်တာပြောင်းရေးနိုင်ပါတယ် ပြီးရင်တော့ Save ကိုနှိပ်ပြီး အဲဒီ Widget ကို ထားချင်တဲ့နေရာမှာ ထားလိုက်ပါ
 ပြီးရင် .. ( စိတ်ရှည်ရှည်ထားပြီးမှ ဖတ်ပါလို့ ပြေားထားပြီးသားနော .. ဒါဗျဲ .. :) )
 ပြီးရင် Google+ အကောင့်ထဲကို ပြန်ဝင်ပါ ပြီးရင် About ကိုနှိပ်ပါ

ပွင့်လာတဲ့ထဲက အောက်ဆုံးနားလေးက Links ဆိုတဲ့ Box ရဲ့အောက်ဒေါင့်နားလေးက Edit ကိုနှိပ်ပါ







 အဲဒီ edit ဆိုတာကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Contributor အကွက်ထဲက နံမည်မှာကိုယ်ကြိုက်တာထည့်ပြီး လင့်မှာတော့ ကိုယ့်ဘလော့ရဲ့ About me ဆိုတဲ့ Page ရဲ့လင့်ကို ထည့်ပေးပါ

 ပြီးရင်တော့ Save ကိုနှိပ်ပေးလိုက်ပါ ပြီးရင် .. ဟဲဟဲ .. အားတောင်နာလာပြီ .. ဘလော့ရဲ့ Layout ကနေ Google+ နဲ့ဆိုင်တဲ့ Widget တွေကို အားလုံးထည့်ပေးထားပါ






အဲဒီ Widget တွေထဲက Google+ Badge ဆိုတဲ့ Widget ကို ယူတဲ့နေရာမှာတော့ အောက်ကပုံအတိုင်း
လုပ်ပေးရပါမယ်







အဲဒီပုံထဲက ကျွန်တော်မြှားပြထားတာကတော့ ကိုယ့်ရဲ့ Google+ ရဲ့ ID ကိုထည့်ပေးရမှာဖြစ်ပါတယ် ပြီးရင်တော့ အဲဒီ Widget ကို Save လုပ်လိုက်ပေါ့

ကဲ ..ဒါဆိုရင်တော့ ပြီးသွားပါပြီ
ရက်အနည်းငယ်လောက်တော့ စောင့်ရပါတယ်
ကံကောင်းရင်တော့ ချက်ချင်းရတဲ့သူအချို့ရှိပါတယ် ကျွန်တော်ကတော့ သုံးပတ်လောက်စောင့်ပြီးမှ အဆင်ပြေပါတယ်
Google Crawl လုပ်ပြီးသွားရင်တော့ Google မှာ ကိုယ့်ဘလော့ပို့စ်ရဲ့ခေါင်းစဉ်တစ်ခုခုထဲက စာလုံးအချို့ကို Search Bar မှာရိုက်ထည့်ပြီး ရှာကြည့်ပါ ..
ကိုယ့်ရေးတဲ့ပို့စ်လင့်ကျလာခဲ့ရင် ကိုယ့်ရဲ့ပုံလေးနဲ့အတူ ပေါ်နေမှာဖြစ်ပါတယ်
 
 ကဲ .. အဆင်ပြေပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက် အိုင်တီမုဆိုး 
 
 


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။