Advance Server and Internetwork HA Engineer
LA Computer Training Center မှ IT Networking နည်းပညာများကိုစတင်လေ့လာနေသောကျောင်းသား / ကျောင်းသူများနှင့် IT Networking နယ်ပယ်ထဲတွင် စတင်လုပ်ကိုင်နေသူများအတွက် Advance Server and Internetwork HA Engineer သင်တန်းသစ်ကို ဒီဇင်ဘာလ (5) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ယနေ့ခေတ်စီးပွားရေးလုပ်ငန်းကြီးတွေမှာ Network ကြီးတစ်ခုကိုတည်ဆောက်ရာ၌ Zero Down Time System ကိုပါထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့လုပ်ကိုင်ဆောင်ရွက်နေကြသော ကြီးမားတဲ့စီးပွားရေးလုပ်ငန်းမျိုးတွေမှာ အသုံးပြုသူ User တွေဟာ မိမိတို့တည်ဆောက်ထားသော Network ပေါ်မှတဆင့် Mail ပို့ခြင်း ၊ Internet အသုံးပြူခြင်း ၊ လုပ်ငန်းအတွက်အင်မတန် အရေးကြီးလှသော File Data ပေါင်းများစွာကို သိမ်းဆည်းခြင်းစသည် တို့ကိုပြုလုပ်ကြရပါတယ်။ ထိုကဲ့သို့ User များဟာ စီးပွားရေးလုပ်ငန်းကြီးများအတွက် အချိန်မလပ်လုပ်ကိုင်ဆောင်ရွက်နေကြချိန်မှာ မိမိ Network ထဲတွင်ရှိသော Mail Server ၊ File Server ၊ Firewall ၊ Router ၊ Switch အစရှိသည်တို့တစ်ခုခု Down သွားပါက အင်မတန်မှကြီးမားတဲ့လုပ်ငန်းဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကယ်၍ နှစ်ပေါင်းလပေါင်းများစွာ သိမ်းဆည်းထားသော Data များကို Backup System ထဲမှာ Restore ပြန်လည်လုပ်ယူ၍ရနိုင်သော်လည်း ထို Restore လုပ်နေချိန်မှာ နာရီပိုင်း (သို့) ရက်ပိုင်းအထိ မိမိတို့လုပ်ငန်းဟာ ရပ်ဆိုင်းသွားနိုင်ပါသည်။ ထို့ကြောင့် မိမိတို့တည်ဆောက်ထားတဲ့ Network တွေမှာ HA စနစ်ကို ပထမ ဦးစားပေးအနေဖြင့် ထည့်သွင်းစဉ်းစားတည်ဆောက်ရမှာပဲဖြစ်ပါတယ်။ ထို့ကြောင့်သာမန် Network တစ်ခုကိုတည်ဆောက်တတ်ရုံမျှဖြင့် မပြီးသေးပါ High Availability ( HA ) စနစ်ကို အသုံးပြုမည်ဆိုပါက မိမိတို့ Network အတွင်းအသုံးပြုနေသော Server ၊ Network Cable နှင့် Network Device များ Down သွားပါက Data သိမ်းဆည်းမှုနှင့် Network အသုံးပြုမှုတွေကတော့ဆက်လက်အလုပ်လုပ်နေမှာ ပဲဖြစ်ပါ တယ်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်မည့်သူများလည်း High Availability (HA) System ကိုမသိမဖြစ်သိထားရ မှာဖြစ်တယ်။ High Availability (HA) System အကြောင်းကို ပိုမိုနားလည်စေဖို့ရန်အတွက် LA Training Center မှ ဆရာ နန္ဒ ကိုယ်တိုင် Free Training and Lab ကိုစာတွေ့လက်တွေ့ပြသပေးသွားမှာဖြစ်ပါတယ်။
30.11.2013 SAT 9:00AM - 12:00AM ==> Firewall High Availability ( Juniper Netscreen Firewall/ FTMG 2010 Firewall )
1.12.2013 SUN 9:00AM - 12:00AM ==> Mail Server High Availability ( Microsoft Exchange 2010 )
၎င်း Free Training and Lab ကိုတက်ရောက်လေ့လာလိုသူများ လူဦးရေ ကန့်သတ်ထားသောကြောင့် LA Computer Training Center မှာကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
LA Computer Training Center Address
No (19)/Room(A-5),5 Floors ,Than Street, Hlaing Township, Yangon.
Phone => 09-73109675, 09-425028901, 01-03450407

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။