10/08/2013

E-mail Attachment အတွင်း Virus ပါမပါစစ်ဆေးခြင်း (ဖတ်ဖြစ်အောင်ဖတ်ပေးပါ)

http://thumbs.dreamstime.com/x/email-virus-12931533.jpg

ယခုအခါ e-mail ကို အသုံးပြုခြင်း များပြားလာသည်နှင့်အမျှ Virus များဖြင့် တိုက်ခိုက်ခံရမှုများ ရှိလာပါသည်။ ကြုံတွေ့နိုင်သည့် Virus မှာ မိမိ ၏ e-mail , gmail (သို့) gtalk တွင် မိမိမသိရှိသော အမည်များဖြင့် သော်၎င်း ၊ Links များဖြင့်သော်၎င်း မြင်တွေ့ရတတ်ပါသည်။ ထိုအမည်များကို လက်ခံမိခြင်း ၊ Links များကိုဖွင့်မိခြင်း များပြုလုပ်မိပါက Virus ၀င်ရောက်လာပြီး မိမိ၏ Files (သို့) Data များပျောက်ပျက်သွားတတ်ပါသည်။ ထို့ကြောင့် ပထမဦးစွာ မိမိထံရောက်ရှိလာသော Mail များကိုသေချာစွာစစ်ဆေးပြီး မသိရှိသောနေ ရာမှ ရောက်ရှိလာပါကလျင်မြန်စွာဖျက်ပစ်လိုက်ပါ။သို့ပေမဲ့ တစ်ခါတစ်ရံတွင် မိမိ၏မိတ်ဆွေ၊သူငယ် ချင်းများထံမှ စာနှင့်တကွ Attachment သော်၎င်း ၊ ပုံများသော်၎င်း ရောက်ရှိလာပြီး Virus ၀င်ရောက်လာ တတ်ပါသည်။ ထိုအခါ စာကိုဖွင့်ချင်ပါသော်လည်း Virus ၀င်ရောက်လာမည်ကို စိုးရိမ်နေရတတ်ပါသည်။ ထိုသို့ စိုးရိမ်မှုများမှကင်းဝေးပြီး မိမိ Computer အတွင်း Virus ၀င်ရောက်မှုမရှိဘဲ Attached Files များကို အလွယ်တကူဖွင့်နိုင်စေရန် အောက်ပါအချက်များ အတိုင်း လုပ်ဆောင် နိုင်ပါသည်။
 
(၁) အကယ်၍ မိမိစာအတွင်း Attachment တွဲလျက်ပါဝင်ခဲ့ပါက ထိုစာကို မဖွင့်သေးဘဲ scan@virustotal.com ဆိုတဲ့ address ဖြင့် Forward ပြန်လုပ်လိုက်ပါ။ သို့သော် ထိုစာ၏ sizeအရွယ်အစားသည် 10MB ထက်ကျော် လွန်၍ မရပါ။

(၂) ပြီးနောက် Forward လုပ်ထားသော စာ၏ Subject နေရာတွင် SCAN ဟု ရိုက်ထည့်ပြီးစာအ တွင်း ရေးထားသော အကြောင်းအရာများကိုဖြတ်လိုက်၍ ရပါသည်။ ပြီးဆုံးပါက Send ဆိုတဲ့Icon ကိုနှိပ်ခြင်းဖြင့် ပို့လွှတ် နိုင်ပါသည်။

(၃) မိနစ်အနည်းငယ်ကြာသောအခါတငွ် ၎င်းနှင့်သက်ဆိုင်သည့် မှတ်ချက်ကို Replyအနေဖြင့် ပြန်လည် လက်ခံရရှိမှာ ဖြစ်ပါသည်။ Virustotal ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ Computer အတွင်း Attachment Files များကိုDownload ဆွဲရန်မလိုတော့ပါ။ အကောင်းဆုံးကတော့ ထို Virustotal အတွင်း AVG,Nod32,McAfee နှင့် F-Prot အစရှိသော Antivirus ပေါင်း များစွာဖြင့် ကျွန်ုပ်တို့၏ Attachment Files များကိုစစ်ဆေးပေးခြင်းကြောင့် ယုံကြည်စိတ်ချရပါသည်။တစ်ခုသတိထားရမှာကတော့ Virustotal ဆိုတာက Virus ရှိ၊မရှိ ကိုသာ စစ်ဆေးပေးပြီးVirus ရှိသော Files များကိုတော့ မရှင်းလင်းပေးနိုင်ပါ။ အကယ်၍ Virus ပါဝင်ခြင်းကြောင့် ထို Virusကိုရှင်းလင်းမည်ဆိုပါက Anti Virus Software ကိုအသုံးပြုခြင်းဖြင့်သာ လုပ်ဆောင် ရမှာဖြစ်ပါတယ်။`

Credit to => မေ့နေပါတယ် ခွင့်လွှတ်ကြပါ ပြန်လည်ဝေမျှတဲ့သဘောပါ ကိုယ်ကျိုးလုံးဝမဖက်ပါဘူး