10/01/2013

CMD Box ကို စာသား အရောင်လေးနဲ့ နောက်ခံအရောင်လေးနဲ့ ပြောင်းသုံးမယ်



CMD Box ကို စာသားအရောင်လေးနဲ့ နောက်ခံအရောင်လေးနဲ့ ပြောင်းသုံးကြရအောင်ဗျာ။ Windows ကပါတဲ့ မူရင်း CMD Box က အမဲရောင်နောက်ခံနဲ့ အဖြုရောင်စာသားနဲ့ပါ။ အဲဒါကို မိမိကြိုက်တဲ့ အရောင်နဲ့ ပြောင်းသုံးကြည့်ကြရအောင်.............
ပထမဦးဆုံး Run box ကိုသွားဖို့အတွက် Windows key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box ပေါ်လာရင် cmd လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
CMD Box ပွင့်လာပါမယ်။ CMD Box ရဲ့ အပေါ်ဆုံးဘားလေးမှာ(ဘောင်လေးခတ်ပြထားပါတယ်) Right Click  ထောက်ပြီး properties ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်ကပုံလေးတွေအတိုင်း မိမိနှစ်သက်ရာစာသား အရောင်နဲ့ နောက်ခံ Backgroud အရောင်ပြောင်းပါ။ ပြီးရင် OK ပေးလိုက်ပါ။ 
ပြီးရင် CMD Box ကိုခေါ်ကြည့်လိုက်ပါဦး
CMD Box လေးကတော့ မိမိတို့ ရွေးချယ်ထားတဲ့ အရောင်လေးတွေနဲ့ လန်းနေပါပြီ။
 မူလအတိုင်းပြန် ထားချင်ရင်တော့ မူလအရောင်တွေပြန်ရွေးပေးလိုက်ပါ။ အဆင်ပြေပါစေ..............


  ကျွန်တော်တင်သမျှ ပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။