9/09/2013

Raspberry pi ကို မိတ်ဆက်ပေးချင်ပါတယ်

Raspberry pi ကို မိတ်ဆက်ပေးချင်ပါတယ်။ သူဟာ credit card အရွယ်အစားသာ ရှိ တဲ့ computer တစ်ခု ဖြစ်ပါတယ်။ သူဟာ ကွန်ပျူတာ monitor ၊ တယ်လီဗေးရှင်း ၊ keyboard တို့နဲ့ ချိတ်ဆက် ပြီး အသုံးပြု နိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ VGA port မပါပါဘူး HDMI port ပဲပါပါတယ်။ ဒါပေမယ့် HDMI to VGA adaptor သုံးပြီး ချိန်မယ်ဆိုရင် ရနိုင်ပါတယ်။raspberry pi ကို model နှစ်မျိုး ထုတ်လုပ်ပြီး Model A ကို ၂၅ ဒေါ်လာ ၊ Model B ကို ၃၅ ဒေါ်လာ နဲ့ ရောင်းချပေးပါတယ်။ဈေးကတော့ အတော်လေးသက်သာတာပါ။ သူ့ရဲ့ ထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကလည်း ကျောင်းသားကလေးငယ်များအားလုံး computer ပညာကို ပိုမို သိကျွမ်း တတ်မြောက်စေရန် ရည်ရွယ်ပါတယ်။
Model A မှာ 256MB RAM နဲ့ USB port ပါဝင်ပါတယ်။ ဒါပေမယ့် network အတွက်တော့ မပါဝင်ပါဘူး။ Model B မှာ 512 MB RAM နဲ့ usb port နှစ်ခု ပါဝင်ပါတယ်။ထို့အပြင် network အတွက် ethernet port လည်းပါဝင်ပါတယ်။ သူ့ရဲ့ အတိုင်းအတာဟာ85.60mm x 56mm x 21mm ရှိပြီး 45 g လေးပါတယ်။
Clock speed ကတော့ 800 MHz ဖြစ်ပါတယ်။SD card မှတဆင့် boot တက်တာဖြစ်ပါပတယ်။သူ့မှာ on off switch မရှိပါဘူး။ power ပေးလိုက်ခြင်းဟာ on လိုက်တာဖြစ်ပြီး power ဖြုတ်လိုက်ရင် off သွားတာဖြစ်ပါတယ်။သူဟာ 5V micro USB ကို power အဖြစ်အသုံးပြုပါတယ်။ rasberry နဲ့ program ရေးချင် သူများအနေနဲ့ကတော့ python ဖြင့်ရေးနိုင်မှာဖြစ်ပြီး အခြား language များလည်း ရနိုင်ပါသေးတယ်။ ထိုသို့ ရေးသာ ပြီး school projects များကို လည်း ဖန်တီးရေးသား နိုင်ပါလိမ့်မယ်။

ref:
Newworth