အင်တာနက်ကနေဖုန်းအလကားပြောနိုင်တဲ့နောက်ထပ် Application လေးတစ်ခုထပ်ပေါ်
လာပြန်ပါပြီ။ ဒီ Application လေးပေါ်လာတာ ၁လကျော်ကျော်လေးဘဲရှိပါသေးတယ်ဗျာ။ Tango လို့အ
မည်ရတဲ့Application လေးကတော့ အင်တာနက်ကွန်နရှင်ရှိတယ်ဆိုရင်တော့ ဖုန်းအလကားပြောလို့ရပါ
တယ်။ ဘယ်လိုတွေချိပ်ဆက်ပြောဆိုနိုင်လည်းဆိုရင် Phone to Phone , Phone to PC , PC to PC , PC to Phone ပြောဆိုနိုင်ပါတယ်ဗျာ။ Account ရှိပြီဆိုတာနဲ့ကိုအဆင်ပြေပါပြီ။ ပိုက်ဆံကုန်သက်သာစေပါ
တယ်။ ဒီ Software လေးကလိုင်းသာပုံမှန်လောက်ကောင်းနေမယ်ဆိုရင်တော့ Video Call နဲ့ Video Message တွေပါပို့လို့ရပါတယ်ဗျာ။Account လုပ်ရတာလည်း အရမ်းကို လွယ်ကူပါတယ်။ ဖုန်းနံပါတ်လေး
ရိုက်ထည့်ပြီးသွားရင် မိမိရဲ့ Gamil လေးထည့်ပေးလိုက်ပြီး Save လုပ်လိုက်တာနဲ့ ဖုန်းပြောလို့ရပါပြီဗျာ။ တစ်ခုတော့ရှိပါတယ် မိမိဖုန်းပြောချင်တဲ့သူကလည်း Tango မှာ Account လုပ်ထားပေးဖို့တော့လို အပ်ပါ
တယ်ဗျာ။ Tango Account ရှိတဲ့သူနဲ့ ဖုန်းပြောမယ်ဆိုရင်တော့ အဲဒီ သူရဲ့ Gmail Account ကို Tango မှာ Invite account လုပ်ပြီး Add ပေးလိုက်ရင်ရပါပြီဗျာ။ ကျွန်တော်ဒီ Post လေးကို မရေးခင်အရင်စမ်းသပ်
ကြည့်ပါသေးတယ်။ အားလုံးကိုအဆင်ပြေလို့Post လေးတင်လိုက်တာပါ။ ပြည်ပမှာရှိတဲ့ကိုကိုချစ်နဲ့ဖုန်းပြော
ပြီးပါပြီး အဆင်ပြေပါတယ်။ ဟဲဟဲ ခန့်ချောကြီးဘဲနော်။ ဒါကြောင့် ဆော်ကြည်နေတာဖြစ်ရမယ်။ကြောငြာဝင်
ခြင်းမဟုတ်ပါ။ အမှန်အတိုင်း ဖောခြင်းအဲအဲ ပြောခြင်းသာဖြစ်ပါတယ်။ ကျွန်တော်ကလေကြောရှည်နေပြီးစ
ကားကဘေးကားသွားတယ် ပြန်စကြတာပေါ့ဗျာ။ ဒေါင်းယူနိုင်ဖို့အတွက်ကတော့ မူရင်း Link ကိုဘဲကျွန်
တော်ပေးထား ပါတယ်ဗျာ။ PCကတော့ဘယ် Windowမဆိုအဆင်ပြေပါတယ်။ iphoneကတော့အနည်းဆုံး
iphone4s ရှိမှအဆင်ပြေမှာပါ။ Android အတွက်ကတော့ v 2.2 အထက်မှရမှာပါ။ Window Mobile အတွက်ကတော့7.5နှင့်အထက်မှအဆင်ပြေမှာပါ။စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာလေ့လာပြီးဒေါင်း
ယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။