5/30/2017

♪ HTC ရဲ့နည်းပညာမြင့်မားသော စမတ်ဖုန်း - “HTC U11” ♫

Image may contain: phone

HTC ရဲ့ ရေစိုခံဖုန်း HTC U11 ဟာ စက်စွမ်းဆောင်ရည်မြင့်မားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ငွေ ရောင်၊ အပြာရောင်၊ အမည်းရောင်၊ အဖြူရောင်နဲ့ အနီရောင် အရောင် ၅ မျိုးနဲ့ထုတ်လုပ် ပေးမှာပဲဖြစ်ပါတယ်။ ၎င်းကို GSM, HSPA, CDMA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ Version နှစ်မျိုးကို ထုတ်လုပ်ပေးသွားမှာ ပါ။ ထည့်သွင်းအသုံးပြုနိုင်တဲ့ SIM Card ကတော့ Nano SIM ဖြစ်ပါတယ်။

IP67 certified ရရှိထားလို့ ဖုန်ဒဏ်တွေနဲ့ရေဒဏ် တွေကိုခံနိုင်ပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာမျှသုံးစွဲနိုင်ပါတယ်။ ၅ လက်မကျယ်တဲ့ မျက်နှာပြင်ကို Super LCD5 Capacitive touchscreen နဲ့ပြုလုပ်ထားပြီး 1440x2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးထားပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံအောင် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ အနောက်ကင်မရာက 12MP, f/1.7 aperture စွမ်းအားရှိပြီး အရှေ့ကင်မရာကတော့ 16MP ရှိပါတယ်။ 

ဒါကြောင့် အရည်အသွေးမြင့်ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက်လည်း Internal Memory 64GB, RAM 4GB နဲ့ Internal Memory 128GB, RAM 6GB ဆိုတဲ့ Version နှစ်ခုကိုထုတ်လုပ်ထားပြီး Micro SD Card ကိုလည်း 256GB အထိ ထပ်မံစိုက်ထည့်နိုင်ပါတယ်။

စက်စွမ်းဆောင်ရည်ပိုင်းအတွက်တော့ Qualcomm MSM8998 Snapdragon 835 chipset, Octa-core processor နဲ့ Adreno 540 GPU တို့ကို ထောက်ပံ့ထားလို့ တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင် ပါတယ်။ Li-Ion 3000mAh battery ထည့်သွင်းပေးထားလို့ အချိန် ကြာကြာ သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

<Specifications>

Network - GSM/HSPA/LTE
CPU - Octa-core (4x2.45GHz Kryo &
4x1.9GHz Kryo)
Memory - 64GB, 128GB (up to 256GB)
OS - Android OS, v7.1 (Nougat)
Bluetooth - v4.2, A2DP, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ " Selfie ဓာတ်ပုံတွေကို စိတ်တိုင်းကျ ပုံဖော်နိုင်စေမယ့် Smartphone (သို့) Vivo V5 Matte Black Review " ♫

Image may contain: 1 person, text

Vivo V5 Matte Black Limited Edition Smartphone ဟာ အခုဆိုရင် ပြည်တွင်းဈေးကွက်ထဲကို ရောက်ရှိလို့နေပါပြီ။ ဒီဖုန်းဟာ ယခင်ထွက်ရှိပြီးသား V5 Smartphone နဲ့ ဒီဇိုင်းပိုင်းရော အခြားစွမ်းဆောင်ရည်ပိုင်းမှာပါ ကွဲပြားခြားနားမှုမရှိခဲ့ဘဲ သိသာထင်ရှားတဲ့ ခြားနားကွဲပြားချက်ကတော့ အရောင်ပဲဖြစ်ပါတယ်။ ယခင်ထွက်ရှိခဲ့ပြီး V5 မှာက Gold နဲ့ Rose Gold ကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အခု V5 ကတော့ အရှေ့ဘက်ရော၊ အနောက်ဘက်ကိုယ်ထည်ပိုင်းမှာပါ အားလုံးနီးပါးကို အနက်ရောင်အဖြစ် ဖန်တီးထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ဒီဖုန်းကိုတော့ ငွေကျပ် (318,000) ဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည် ပိုင်းကို ပါးလွှာမှုရှိအောင် ဖန်တီးပြုလုပ်ပေးထားကာ အနောက်ရောင် သတ္တုကိုယ်ထည်ဖြင့် ဖန်တီးပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ မျက်နှာပြင်အရွယ်အစားကတော့ (5.5) လက်မရှိတဲ့အပြင် 2.5D Glass Display ကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ Screen Resolution ကတော့ (720 x 1280) Pixels HD ဖြစ်ကာ ရုပ်ထွက်ပိုင်းက ကြည်လင်ကောင်းမွန်မှုရှိပြီး Screen မှာ အပြာရောင်ကို စစ်ထုတ်ပေးနိုင်တဲ့ Eye Protection နည်းပညာတွေ ပါရှိပါတယ်။

ဖုန်းတွင်းစွမ်းဆောင်ရည်ပိုင်းအတွက် 64-bits Octa-Core Processor နဲ့အတူ RAM 4GB ကိုပါ ထည့်သွင်းအသုံးပြုပေးထားပါတယ်။ ဒါ့အပြင် Graphic ပိုင်းအတွက် Mali-T860MP2 အမျိုးအစား GPU ကို အသုံးပြုပေးထားတာကြောင့် ဂိမ်းအမြင့်တွေ ဆော့ကစားတဲ့အခါမှာ အလွန်ကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Internal Memory 32GB ပါရှိတဲ့အပြင် Memory ကို တိုးမြှင့်အသုံးပြုချင်သူတွေအတွက် 128GB အထိ တိုးမြှင့်အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် Sim Slot 2 မှာ Sim Card ထည့်မသုံးမှသာလျှင် micro SD Card ကို ထည့်သွင်းအသုံးပြုလို့ရမှာပါ။


နောက်ပြီးတော့ Software ပိုင်းလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့ Android 6.0 (Marshmallow) နဲ့အတူ Funtouch OS 2.6 ကိုပါ တွဲဖက်အသုံးပြုပေးထားတာကြောင့် Apps တွေကို ကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်အသုံးပြုနိုင်မှာဖြစ်ပြီး Multi-Tasking လုပ်ဆောင်တဲ့အခါတွေမှာလည်း အဆင်ပြေစေမှာပါ။ Social App နှစ်ခုကို တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်စေမယ့် စနစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ Fingerprint Scanner ကိုတော့ ဖုန်းရဲ့အရှေ့ဘက်မျက်နှာပြင်အောက်ပိုင်းမှာ ထည့်သွင်းပေးထားကာ Screen Unlock ပြုလုပ်ခြင်းတွေကို (0.2) စက္ကန့်အတွင်း မြန်ဆန်စွာ Unlock လုပ်ဆောင်နိုင်စေမှာပါ။

20.0 MP ရှိတဲ့ အရှေ့ကင်မရာမှာ Selfie Softlight စနစ်ကို ထည့်သွင်းပေးထားတာကြောင့် Selfie Photo တွေကို အလွယ်ကူဆုံးနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် ရိုက်ကူးနိုင်စေဖို့ အထောက်အကူပြုမှာပါ။ နောက်ပြီးတော့ Face Beauty Mode 6.0 ကြောင့် မိမိရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လှပကြည်လင်ကောင်းမွန်နေစေပါလိမ့်မယ်။ ဒါ့အပြင် 13.0 MP ရှိတဲ့ အနောက်ကင်မရာဖြင့်လည်း ဓာတ်ပုံတွေနဲ့ Full HD ဗီဒီယိုတွေကို ရိုက်ယူလို့ရမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းအတွက်ကိုတော့ 3000 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားကာ မိနစ် (30) ခန့် အားသွင်းရုံနဲ့ ဘက်ထရီပမာဏ (25) ရာခိုင်နှုန်းအထိ အားပြည့်စေမှာပါ။


အသံထွက်ပိုင်းအတွက်လည်း AK4376 Hi-Fi audio chip ကို အသုံးပြုပေးထားတာကြောင့် ကောင်းမွန်တဲ့ အသံထွက်စနစ်ကို နားဆင်နိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ ဆူညံသံတွေကို -115 dB အထိ လျော့ချပေးပါလိမ့်မယ်။ ဒီဖုန်းကို 2G, 3G နဲ့ 4G Network တို့မှာ အသုံးပြုနိုင်တဲ့အပြင် Dual Sim အသုံးပြုလို့ရတဲ့ Smartphone တစ်လုံး ဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ " Ransomware ဗိုင်းရပ်စ် မိုဘိုင်းဖုန်းတွေမှာ ပိုတွေ့လာရ " ♫

Image may contain: phone and text

တကမ္ဘာလုံးနီးပါးက ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုနေတဲ့ device မှန်သမျှကို lock ချပစ်တဲ့ Ransomware ဗိုင်းရပ်စ်ရဲ့ အရှိန်က ကျမသွားသေးခင်မှာပဲ မိုဘိုင်းဖုန်းတွေမှာ ပိုတွေ့လာရတယ်လို့ ရုရှားဆိုက်ဘာ လုံခြုံရေးအဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုအခြေစိုက် ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ Kaspersky Lab မှ တာဝန်ရှိသူက " မိုဘိုင်းဖုန်းတွေမှာ Ransomware ဗိုင်းရပ်စ်ဖိုင်တွေ့ရှိမှုက ခုဆို 2 သိန်းကျော်လောက်ဖြစ်လာပြီ။ 2016 နှစ်ကုန်ခါနီးကတောင် ဗိုင်းရပ်စ်ဖိုင် 6 သောင်းဝန်းကျင်ပဲ တွေ့တာ၊ လက်ရှိက တော်တော်များလာတယ် " လို့ ပြောပါတယ်။ Kaspersky Lab ရဲ့ Senior Malware Analyst ဖြစ်သူ Roman Unuchek က " ransomware က ဖုန်းတွေဆီ ဦးတည်လာနေတယ်။ ဗိုင်းရပ်စ်ပုံစံသစ်တွေလည်း ဆက်တိုက်ထုတ်နေတယ်။ လူတွေအနေနဲ့ ကွန်ပျူတာမှမဟုတ်ဘဲ ဖုန်းတွေမှာလဲ block လုပ်ခံရနိုင်တယ်ဆိုတာ သတိထားစေချင်တယ် " လို့ ရှင်းပြပါတယ်။ 

Trojan-Ransom.AndroidOS.Fusob.h ဆိုတဲ့ မိုဘိုင်း ransomware က လက်ရှိအသုံးပြုနေတဲ့ user တွေရဲ့ မိုဘိုင်းဖုန်း 45% နီိးပါးကို ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ အဆိုပါ Trojan ကို run လိုက်မိရင် data တွေ၊ ဖုန်းအတွင်းက GPS လမ်းညွှန်တွေနဲ့ call history တွေကို ရယူပြီး သူတို့ရဲ့ဆာဗာမှာ ကူးယူတာဖြစ်ပါတယ်။ ပြီးရင်တော့ ဒီဖုန်းကို block လုပ်လိုက်တာပါ။ Kaspersky Lab ရဲ့ ထုတ်ပြန်ချက်အရဆိုရင် နိုင်ငံပေါင်း 190 နီးပါးက URLs ပေါင်း သန်း 80 နီးပါးမှာ တိုက်ခိုက်မှုခံခဲ့ရပြီး ဒီ Malware က မိုဘိုင်း banking ချိတ်ဆက်ထားတဲ့ ဖုန်းတွေကို ဦးတည်ခိုးယူချင်နေတယ်လို့ ဖော်ပြထားပါတယ်။

Kaspersky အနေနဲ့ ဗိုင်းရပ်စ်သန်းပေါင်းများစွာ ကာကွယ်ပေးခဲ့ရပြီး robust security solutions ကိုအသုံးပြုဖို့ ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့ ဗိုင်းရပ်စ်အကာအကွယ်ဆော့ဝဲကို update လုပ်ဖို့ သတိပေးထားပါတယ်။ အကောင်းဆုံးကာကွယ်နည်းကတော့ မသင်္ကာဖွယ်မေးလ်တွေ၊ ဝက်ဘ်ဆိုက် link တွေကို လုံးဝမဝင်ဘဲ ကိုယ့်ရဲ့ဒေတာတွေကို back up ယူထားပါလို့လည်း kaspersky က အကြံပြုထားပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ " ရှေ့ကင်မရာ 20 MP ပါဝင်တဲ့ huawei nova 2 နဲ့ nova 2 plus ကို ဇွန်လ ၁၆ ရက်နေ့ စတင်ဝယ်ယူနိုင် "

Image may contain: phone

ဟွာဝေးကုမ္ပဏီအနေနဲ့ huawei nova 2 နဲ့ nova 2 plus စမတ်ဖုန်းသစ်တွေကို ဇွန်လ 16 ရက်နေ့ စတင်ရောင်းချမှာဖြစ်ပြီး ရှေ့ကင်မရာ 20MP ပါဝင်တယ်လို့ သိရပါတယ်။Selfie ရိုက်ကူးမှုကို ဦးစားပေးထားတဲ့ mid-range ဖုန်း အမျိုးအစားဖြစ်ပြီး Honor ဒီဇိုင်းတွေနဲ့ မတူတော့ပါဘူး။ ဈေးနှုန်းမြင့် huawei P series တွေနဲ့ ပုံစံတူလာပြီး dual camera လည်း ပါဝင်လာပါတယ်။

အနောက်ဘက် ကင်မရာကို 12 MP နဲ့ 8 MP နှစ်လုံးထည့်သွင်းထားပြီး optical zoom နဲ့ portrait mode တွေကိုလည်း အသုံးပြုနိုင်မှာပါ။ ထူးခြားတဲ့အချက်ကတော့ huawei P 10 ရဲ့ ရှေ့ကင်မရာတောင် 8 MP ပဲရှိတဲ့ အနေအထားမှာ Nova 2 နဲ့ 2 plus က 20 MP ပါဝင်လာတာပဲ ဖြစ်ပါတယ်။ Nova 2 နဲ့ Nova 2 plus ကို သတ္ထုကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး Nova 2 က မျက်နှာပြင် 5 လက်မ၊ Nova 2 plus က မျက်နှာပြင် 5.5 လက်မ အသီးသီး ရှိကြပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ LPTS LCD ၊ 1080 p resolution နဲ့ မျက်နှာပြင်ကွေး 2.5D ဖန်သားပြင် အသုံးပြုထားပါတယ်။


သတ္ထု ကိုယ်ထည်ပေမယ့် 6.9mm အထူကြောင့် လုံးဝပါးလွှာပြီး နှစ်သက်ဖွယ်ဒီဇိုင်း ဖန်တီးထားပါတယ်။ Nova 2 ရဲ့ ဘက်ထရီက 2950 mAh ဖြစ်ပြီး Nova 2 plus ရဲ့ ဘက်ထရီခံနိုင်အား ကတော့ 3340 mAh ပဲဖြစ်ပါတယ်။Kirin 659 chipset ကို နဂိုသုံးနေတဲ့ snap dragon 625 နေရာမှာ အစားထိုးလာပါတယ်။


Ram 4GB ရှိပြီး Nova 2 ရဲ့ storage က 64GB နဲ့ Nova 2 plus က 128 GB ရှိနေပါတယ်။ Nova 2 ကို အမေရိကန်ဒေါ်လာ 365 ဝန်းကျင် သတ်မှတ်ထားပြီး Nova 2 plus ကတော့ အမေရိကန်ဒေါ်လာ 420 ဝန်းကျင်လို့ သိရပါတယ်။ Nova 2 နဲ့ Nova 2 plus ကို ဇွန်လ 16 ရက်နေ့မှာ စတင်ရောင်းချမယ်လို့ တရုတ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ နည်းပညာမြင့်မားသော “LG G6 Dual Sim (LG-H70DS)” နှင့် “Samsung Galaxy S8 (SM G930F)” တို့ကို နှိုင်းယှဉ်ပြခြင်း ♫

Image may contain: phone


LG G6 ဟာ Premium ဆန်တဲ့ ဒီဇီုင်းလေးနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ Body ပုံစံနဲ့ထွက်ရှိထား တာဖြစ်ပါတယ်။ ကိုယ်ထည်ဒီဇိုင်းကို လေ့လာ ကြည့်လိုက်တဲ့အခါမှာ Metal Frame နဲ့ဖြစ်ပြီး ဘယ်ဘက် ဘေးနား လေးက Volume Button လေးနှစ်ခုနဲ့အတူ Power Key ကို ထုံးစံအတိုင်း နောက်ကျောဘက်လေးမှာ Fingerprint နဲ့အတူတူတပ်ဆင်ပေးထား ပါတယ်။ Fingerprint (Homebutton) ရဲ့ အပေါ်ဘက်မှာတော့ Dual Camera ရယ် Dual Tone Flash နဲ့ဖြစ်ပြီး အောက်ဘက်မှာတော့ USB Type-C Charging Port ဖြစ်ပါတယ်။ ညာဘက်ထောင့် အပေါ်ဆုံး ဘက်မှာတော့ 3.5 mm headphone jack ပေါက်ပဲဖြစ်ပါတယ်။ 5.7" QHD Plus FullVision Display ဟာ (2880 x 1440) pixels နဲ့ဖြစ်ပြီး ၊ ပုံရိပ်ဖော်ပြနိုင်စွမ်းအတွက် 564 ppi ရှိပါတယ်။ မျက်နှာပြင်ကာကွယ် နိုင်စွမ်းအတွက်တော့ Corning Gorilla Glass 3 နဲ့ဖုံးအုပ်ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ CPU အပိုင်းမှာ Snapdragon ရဲ့နောက်ဆုံးထုတ်ဖြစ်တဲ့ 835 Soc ကို အသုံးမပြုဘဲ Snapdragon 821 Soc ကိုပဲ သုံးထားပါတယ်။ 4GB RAM နဲ့အတူ Internal Storage ကတော့ 64GB နဲ့ပဲဖြစ်ပါတယ်။ OS ပိုင်းမှာတော့ Android 7.0 (Nougat) နဲ့အတူ LG UX 6.0 UI ကိုသုံးနိုင် ပါလိမ့်မယ်။ အချက်တွေအလွယ်တကူမြင်နိုင်စေဖို့အတွက်လည်း Always-on display လုပ်ဆောင်ချက်ထည့်သွင်းပေးထားပါတယ်။

ကင်မရာလုပ်ဆောင်ချက်ပိုင်းမှာတော့ Dual Camera နဲ့ဖြစ်ပြီး LG G5 မှာလိုပဲ တစ်ခုက Normal ဖြစ်ပြီး တစ်ခုက Wide Angle ဖြစ်ပါတယ်။ Normal နဲ့ Wide-Angle Camera နှစ်လုံးကို အနောက်ဘက်မှာ တပ်ဆင် ထားပေမယ့် 13MP သို့ အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့် အလင်းဝင်ပေါက်နဲ့ Pixel အရွယ်အစားကတော့ တိုးတက်လာခြင်းမရှိ ပါဘူး။ အဓိက Camera မှာ Optical Image Stabilization နည်းပညာနဲ့ ပိုမိုလျင်မြန်တဲ့ f/1.8 Aperture ပါတဲ့အတွက် ဓာတ်ပုံများက အရည်အသွေး ကောင်းမွန်ပါတယ်။ Wide-Angle Camera မှာတော့ OIS မပါတဲ့အတွက် ကြည်လင်ပြတ်သားမှု အားနည်းနိုင်ပါတယ်။ LG ဟာ Landscape အနေနဲ့ အသုံးပြုရင်လည်း အဆင်ပြေနိုင်အောင် တချို့ App တွေကို Develop လုပ်ခဲ့ပြီး Gallary, Contacts, Calendar, E-mail နဲ့ Music တွေကို မျက်နှာပြင်နှစ်ခုခွဲပြီး အလုပ်လုပ်နိုင်မှာပါ။ Google Assistant ဆိုတဲ့ AI ပါဝင်တဲ့ Google ဖုန်းမဟုတ်တဲ့ ပထမဆုံး Android စမတ်ဖုန်းလည်းဖြစ်လာတာကြောင့် သင့်အနေနဲ့ AI စနစ်ကိုအတွေ့အကြုံ သစ်နဲ့ အသုံးပြုနိုင်ပါလိမ့်မယ်။

ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာတော့ 4G+3G Support ဖြစ်တဲ့ Dual SIM ဖြစ်ပါတယ်။ Hybrid Dual SIM ဖြစ်ပြီး Memory SD Card 2TB ထိ ထပ်မံထည့်သွင်းအသုံးပြုနိုင်ပါလိ့မ်မယ်။ SD Card ထည့်သွင်း အသုံးပြု ရင်တော့ SIM Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။ Battery ပိုင်းမှာတော့ Non Removable 3300mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ LG G6 မှာ IP68 အဆင့်ရှိ Dust & Water Resistant နဲ့ဖြစ်ပြီး 1.5 meter ကို 30 min ထိခံနိုင်စွမ်းရှိမှာပါ။ အရောင်အနေနဲ့ကတော့ Black, White, Platinum ၃ ရောင် ၀ယ်ယူရရှိနိုင်မှာပါ။Price – 8xx,xxx Ks.

“Samsung Galaxy S8 (SM G930F)”

S8 ရဲ့ ၅.၈လက်မအရွယ်ကြီးမားကျယ်ပြန့်ပြီးရှည်လျားတဲ့ Display အသစ်ကိုတော့ Infinity Display လို့ Samsung က အမည်ပေးထား ပါတယ်။ 18.5:9 Wide Aspect Ratio ဖြစ်တဲ့ Super AMOLED Display ကိုအသုံးပြုထားပြီး မျက်နှာပြင်မှာ 2960×1440 Pixel QHD+ Resolution သုံးထားပါတယ်။ အနားထောင့်နှင့် ရုပ်ထွက်နှင့် ကပ်လုနီးပါး အခြေအနေသို့ ရောက်အောင်ဖန်တီးထားတာ တွေ့ရပါတယ်။ Home Button မပါဝင်တာကြောင့် မျက်နှာပြင်ရုပ်ထွက်ပမာဏကို ပိုပြီးတော့ ကြီးမားလာအောင် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ Galaxy S7 မှာ မျက်နှာပြင်ရုပ်ထွက် ၅.၁ လက်မပဲ ပါဝင်ခဲ့ပေမယ့် S8 မှာတော့ မျက်နှာ ပြင် ၅.၈ လက်မအထိ ပါဝင်လာပါတယ်။

ဖုန်း Screen မျက်နှာပြင်နဲ့နောက်ဘက်ခြမ်းကိုယ်ထည်ကို အကြမ်းဒဏ်ကို အလွန်ခံနိုင်တဲ့ Gorilla Glass 5 ဖန်သားပြင်နဲ့ဖုံးအုပ်ထားပါတယ်။ Galaxy S8 မှာတပ်ဆင်ပေးထားတဲ့ 12MP နောက်ကျောဘက် ကင်မရာ နဲ့ 8MP အရှေ့ကင်မရာတွေကိုအသုံးပြုပြီး မြန်ဆန်သွက်လက်စွာဖမ်းယူနိုင် ပါလိမ့်မယ်။ နေ့၊ ည ဘယ်လိုအချိန်မျိုးမှာဖြစ်စေ အခိုက်အတန့်ကောင်း တွေကို လွတ်သွားစေတော့မှာမဟုတ်ပါဘူး။ ဒီနေ့လိုအခိုက်အတန့်မှာ တော့ စမတ်ဖုန်းကင်မရာတွေဟာပိုမိုတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သယ်ဆောင်လာခဲ့ပါပြီ။ Selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးလိုသူတွေ အတွက် လုပ်ဆောင်ချက်ကောင်းမွန်တဲ့ feature တစ်ခုထည့်သွင်းပေး ထားပါတယ်။ smart auto focus လုပ်ဆောင်ချက်ဟာ ဘယ်လိုနေရာ အချိန်မျိုးမှာမဆို selfie stick ကိုအသုံးပြုပြီး ရိုက်ကူးမယ်ဆိုရင် ပုံရိပ်တွေေ၀၀ါးမှုမရှိအောင်ကူညီပေးမှာဖြစ်ပြီး အဖွဲ့လိုက်ရိုက်ကူးမှုတွေ အတွက် မျက်နှာတွေကိုမှတ်မိသိရှိနိုင်ပါ လိမ့်မယ်။ Smart AF နဲ့ sticker လုပ်ဆောင်ချက်တွေကိုလည်း သုံးနိုင်ပါလိမ့်မယ်။

နောက်ကျောဘက်ကင်မရာမှာတော့ 12MP dual pixel senor နဲ့ဖြစ်ပြီး 4K video တွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ Pro Mode ကိုသုံးပြီး ရိုက်မယ် ဆိုရင်တော့ တကယ့်ကင်မရာတစ်လုံးကို သုံးနေရသလိုပုံကောင်းတစ်ခု ရဖို့အတွက် ချိန်ညှိနိုင်ပါလိမ့်မယ်။ iSO, Shutterspeed, Exposure, Colortone, Manual focus နဲ့ white balance လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါလိမ့်မယ်။ မိမိအလိုရှိတဲ့နေရာကို focus ပြုလုပ်နိုင်စေဖို့ အတွက်ကတော့ selective focus ဆိုတဲ့လုပ်ဆောင်ချက်ကိုသုံးပြီးတော့ Foreground, background ကြိုက်ရာကို ရွေးချယ်နိုင်ပါလိမ့်မယ်။ Samsung Galaxy S8 မှာ RAM 4GB ဖုန်းတွင်းအချက်အလက် သိမ်းဆည်းနိုင်စွမ်းအတွက် 64 GB ပါဝင်ပါတယ်။ System ပိုင်းအနေနဲ့ Android 7.0 ကိုအသုံးပြု ထားပါတယ်။ Samsung ဟာ အရင်တုန်းက TouchWiz ကို အသုံးပြုခဲ့ပါတယ်။ S8 မှာတော့ အသစ်ဖန်တီး ထားတဲ့ Samsung UX ကို အသုံးပြုထားပါတယ်။ သူတို့ရဲ့စနစ်က ဒီဇိုင်းပိုင်းကိုပါ အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။

သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်နိုင်မှုတွေ ပြုလုပ်ပေးဖို့ ပရိုဆက်ဆာ ပိုင်းအနေနဲ့ Exynos 8895 Octa Processor ကို အသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းအနေနဲ့ Galaxy S8 မှာ 3000 mAh ပါဝါစွမ်းအား တပ်ဆင် ထားပါတယ်။ Iris Scanner နည်းပညာကိုလည်း ထည့်သွင်းပေးထား ပါတယ်။ Iris Scanner ကိုအသုံးပြုပြီး ဖုန်း Lock Screen ဖွင့်တာကို မျက်စိနဲ့ Scan ဖတ်ဖွင့်နိုင်ရုံမကဘဲ အွန်လိုင်းနဲ့ပြင်ပငွေပေးချေမှုစနစ် များမှာလည်း Iris Scanner အသုံးပြုပြီးငွေပေးချေနိုင်မှာဖြစ်ပါတယ်။ ဖုန်းကိုအသံနဲ့အမိန့် ပေးစေခိုင်း၊ သိလိုရာမေးနိုင်မယ့် Bixby လို့ခေါ်တဲ့ Virtual Assistant လည်း ပါဝင်လာပါပြီ။

Bixby ဟာ Samsung ရဲ့ နည်းပညာအသစ်ဖြစ်ပြီး Google ရဲ့ Google Assistant နဲ့ Apple ရဲ့ Siri တို့ကိုယှဉ်ပြိုင်မယ့် နည်းပညာသစ်ဖြစ်ပါတယ်။ S8 မှာ သင့်မျက်နှာရဲ့ မှတ်မိသိရှိနိုင်စွမ်းကိုသုံးပြီးတော့ ဖုန်းကို lock ပြုလုပ်နိုင်ပါလိမ့်မယ်။ နောက်ထပ် လုပ်ဆောင်ချက်ကတော့ လက်ဗွေဖတ် စနစ်ကိုသုံးနိုင်မှာပါ။ home buttom ကနေ သုံးရမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာရဲ့ဘေးနားမှာ တပ်ဆင်ပေး ထားမှာဖြစ်ပါတယ်။ Samsung ဟာ အနားသပ်မဲ့လုနီးပါး ရုပ်ထွက်သုံးချင်တာကြောင့် လက်ဗွေရာစနစ်ကို ကျောဘက်သို့ ပို့လိုက် တာဖြစ်ပါတယ်။

Samsung Galaxy S8 ကို Midnight Black, Orchid Gray, Arctic Silver, Coral Blue, Maple Gold စတဲ့ အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဖုန်းရဲ့ရှေ့ဘက်ခြမ်းမျက်နှာပြင်ကတော့ အနက်ရောင်တစ်မျိုး တည်းနဲ့ သာဖြစ်ပါတယ်။Price – 1,060,000 Ks.



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...