9/29/2016

♪ Samsung Lollipop 5.0 နဲ့ Marshmallow 6.0 တွေအတွက် Myanmar Font One Click Tool ♫


Samsung ဖုန်းတွေရဲ့ version 5.0 နဲ့ 6.0 ဖုန်းတွေအတွက် မြန်မာစာကိုOne Click နဲ့ထည့်သွင်းနိုင်မဲ့ Tool လေးကိုတင်ပေးလိုက်ပါတယ်။ Tool ကိုအသုံးပြုရန် Root တော့လိုအပ်ပါမယ်။ Tool လေးကိုလိုအပ်ပါက ရယူနိုင်ပါတယ်။


d now

refer – S7 Mobile


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Contra game For Android ♫


ငယ်ငယ်တုန်းကဆော့ကစားဖူးတဲ့ Contra game လေးကို Android မှာဆော့ကစားနိုင်တဲ့ apk လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဘက်ခေတ်က ကလေးတွေတော့ ဆော့ကစားဖူးမှာမုတ်ပါ ဘူး။ဆော့ကစားလိုပါက ရယူလိုက်ပါ။


d now


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Facebook အကောင့်ကို ခဏတာ သို့မဟုတ် အပြီးတိုင် ဖျက်သိမ်းနည်း ♫

1

Facebook ဟာ လူမှုကွန်ရက်ဖြစ်တာနဲ့အညီ လူမျိုးစုံနဲ့ ထိတွေ့ဆက်ဆံကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook မှာလည်း တကယ့်လက်တွေ့ဘ၀တွေမှာလို ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတွေ ရှိကြပါတယ်။ ဒီလို ပြဿနာတွေများပြားနေရင်တော့ သင့်ရဲ့ အကောင့်ကို ခဏတာ ပိတ်သိမ်းခြင်း သို့မဟုတ် အပြီးတိုင် ဖျက်ပစ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

Facebook အကောင့်ကို ခဏတာ ဖျက်သိမ်းနည်း သို့မဟုတ် Deactivate ပြုလုပ်နည်း
၁။ သင့်ရဲ့ Facebook App ကိုဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။

3 

1

၂။ Account Settings ထဲသွားပြီး Security ကို နှိပ်ပါ။

၃။ Security Settings Page ရဲ့ အောက်ခြေမှာ Account > Deactivate ကို တွေ့ရမှာ ဖြစ်ပါတယ်။ Deactivate ကို နှိပ်ပါ။

2

၎။ သင့်ရဲ့ Password ကို တောင်းခံရင် ထည့်ပေးပါ။

၅။ နောက်အဆင့်မှာတော့ ဘာကြောင့် Deactivate ပြုလုပ်သလဲဆိုတာကို Facebook က သင့်ကို စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။

3

၆။ စစ်တမ်းမှ “ Opt out of receiving future emails from Facebook “ မှာ အမှန်ခြစ်ပေးမှသာ Deactivate ပြုလုပ်ထားချိန်မှာ သင့်ထံ Facebook မှ အီးမေးများ မ၀င်လာမှာဖြစ်ပါတယ်။ ဖြေဆိုပြီးရင် Deactivte ကို ထပ်နှိပ်ပါ။ Password တောင်းရင်ထည့်ပေးပါ။ ဒါဟာ နောက်ဆုံးအကြိမ် Password တောင်းခံခြင်းဖြစ်ပြီး ပြီးရင်တော့ သင့်အကောင့်ကို Deactivate သို့မဟုတ် ခဏတာ ပိတ်သိမ်းလိုက်မှာ ဖြစ်ပါတယ်။ ခဏတာပိတ်သိမ်းထားတဲ့အတွက် သင်ပြန်လည် အသုံးပြုချင်တဲ့ အချိန်မှာ Username, Password ထည့်ပေးပြီး အသုံးပြုနိုင်ပါတယ်။


4

Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနည်း
Facebook အကောင့်ကို အပြီးတိုင်ဖျက်သိမ်းချင်ရင် သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဒေတာများကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ အဲဒီအတွက် မဖျက်သိမ်းခင်မှာ အဲဒီဒေတာများကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Menu> Settings > General ထဲသွားပါ။ အောက်ခြေမှ “ Download a copy of your Facebook data” ဆိုတဲ့ လင့်ကို နှိပ်ပါ။ နောက်အဆင့်မှာ Start My Archive ကို နှိပ်ပါ။

ဒေါင်းလုပ်ရယူပြီးရင်တော့ အောက်ပါ လင့်ကနေ သင့်ရဲ့ အကောင့်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ပါတယ်။ အကောင့်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်ဟာ ရက် ကိုးဆယ်လောက်ကြာတတ်ပါတယ်။

https://goo.gl/gJRAXh
5


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ iOS နဲ့ Android အတွက် Google Photos ကို အကောင်းဆုံး အသုံးချနည်းများ ♫

1

Google က Android , iOS Device များမှ ဓါတ်ပုံများကို Cloud မှာသိမ်းဆည်းထားနိုင်တဲ့ Google Photos App ကို ဖြန့်ချီပေးထားပါတယ်။ Google Photos ကနေ သင့်ဖုန်းမှ ဓါတ်ပုံများကို အွန်လိုင်းမှာသိမ်းဆည်းထားနိုင်ပြီး ဘယ်နေရာရောက်ရောက် Device မျိုးစုံကနေ ကြည့်ရှုနိုင်မှာပါ။ ဒါ့အပြင် App ကနေ Crop ပြုလုပ်ခြင်း ၊ Filter များထည့်သွင်းခြင်းများကိုလည်း ပြုလုပ်နိုင်ပြီး လူမှုကွန်ရက်များမှာ မျှဝေနိုင်ပါတယ်။ Photo Collages များ ဖန်တီးနိုင်ပြီး Pinch ပြုလုပ်နိုင်ပါတယ်။ Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်လို စွမ်းဆောင်နိုင်တဲ့ Assistant က လှုပ်ရှားသက်ဝင်တဲ့ ဓါတ်ပုံများကို ဖန်တီးပေးနိုင်ပါတယ်။ အခု Tutorial မှာ Google Photos ကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းများကို ရေးပေးလိုက်ပါတယ်။

၁။ ဓါတ်ပုံများကို ရှာဖွေခြင်း။
Photo Apps များစွာမှာ တည်နေရာ၊ မျက်နှာ၊ Tags များဖြင့် ဓါတ်ပုံများကို ရှာဖွေနိုင်အောင် ပြုလုပ်ပေးထားကြပါတယ်။ ဒါပေမယ့် ဓါတ်ပုံများကို ဘယ်သူမှ Tag လုပ်ပြီး မသိမ်းထားကြပါဘူး။ Google Photos ရဲ့ အားသာချက်က ဓါတ်ပုံမှာ ပါတဲ့ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ Search Button ကို နှိပ်ပြီး ဓါတ်ပုံမှာ ပါတဲ့ အရာဝတ္ထုတစ်ခုကို ရိုက်ပါ။ ဥပမာအားဖြင့် Cars လို့ ရိုက်လိုက်ရင် App က ကားပါတဲ့ ဓါတ်ပုံများကို ပြသပေးမှာပါ။ Smile လို့ ရိုက်ထည့်လိုက်ရင်တော့ ပြုံးနေတဲ့ ဓါတ်ပုံများကို ရှာဖွေပေးမှာပါ။ တည်နေရာများကို ရိုက်ထည့်ပြီးလည်း ရှာဖွေနိုင်ပါတယ်။ Search Button ကို နှိပ်ပြီး လူတစ်ယောက်ကို ရွေးချယ်ရင်တော့ အဲဒီလူရဲ့ ဓါတ်ပုံများအားလုံးကို ပြသပေးမှာပါ။ နောက်ပိုင်းမှာ အဲဒီလူရဲ့ အမည်ကို ရိုက်ထည့်ရှာဖွေနိုင်ဖို့အတွက် Label သတ်မှတ်ထားနိုင်ပါတယ်။ Search Button ကို နှိပ်ရင် People, Places, Things ကဏ္ဍအလိုက် ရှာဖွေနိုင်ပါသေးတယ်။

1
၂။ Assistant
Default အားဖြင့် Google Photos က သင့်ရဲ့ ဓါတ်ပုံများကို WiFi ချိတ်ဆက်မိမှသာ အွန်လိုင်းမှာ သိမ်းဆည်းပေးပါတယ်။ Collages , Animations များကိုလည်း ဖန်တီးဖို့ အလိုအလျှောက် အကြံပြုပေးပါတယ်။ နေရာဒေသတစ်ခုမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကနေ Stories များကို ဖန်တီးပေးပါတယ်။ အဲဒါတွေအားလုံးကို Assistant က ပြုလုပ်ပေးတာပါ။ ဘယ်ဘက်ထိပ်မှ Menu ကို နှိပ်ပြီး Assistant ထဲသွားပါ။ သူက သင့်အတွက် ဖန်တီးပေးထားတဲ့ Collections များကို ကြည့်ရှုပါ။ မနှစ်သက်ရာ ညာဘက်သို့ ပွတ်ဆွဲပြီး ဖျက်ပါ။ နှစ်သက်ရင် Save to library ကို နှိပ်ပါ။ Assistant က အကြံပြုပြသပေးတာတွေက သင့်အတွက် အဆင်မပြေရင် Menu>Settings ထဲသွားပြီး “ Suggest new creations” ကို ပိတ်ပါ။

2

၃။ Collage, Animation, Album , Story များ ပြုလုပ်ပါ။
သင်ကိုယ်တိုင် Photo Collage , Animation များ ဖန်တီးနိုင်ပါသေးတယ်။ Photos ထဲမှ နှစ်သက်တဲ့ ဓါတ်ပုံများကို ရွေးချယ်ပြီး အပေါ်ထိပ်မှ အပေါင်း ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ Album, Movie, Story , Animation, Collage များကို ပြုလုပ်နိုင်ပါပြီ။ Collage တစ်ခု ပြုလုပ်ပြီးရင် အောက်ခြေမှ Edit ခလုတ်ကို နှိပ်ပြီး Crop, Rotate, Color နဲ့ Filter များကို Collage မှာ ထည့်သွင်းနိုင်ပါတယ်။

Story ပြုလုပ်ရင်တော့ သင်ရွေးချယ်ထားတဲ့ ဓါတ်ပုံများအတွက် Photo Book တစ်ခုကို ဖန်တီးပေးမှာပါ။ လှုပ်ရှားသက်ဝင်တဲ့ Cover Page တစ်ခုနဲ့ Title ကိုလည်း အလိုအလျှောက် ဖန်တီးပေးမှာပါ။

3
၎။ ဓါတ်ပုံများကို ရွေးချယ်ခြင်း။
Collage, Stories များပြုလုပ်ဖို့ ဓါတ်ပုံများစွာကို ရွေးချယ်ရပါတယ်။ Three-Dot Button ကို နှိပ်ပြီး Select ကို ထပ်နှိပ်ရတာလည်း အလုပ်ရှုပ်ပါတယ်။ ပိုမိုလွယ်ကူတဲ့ နည်းလမ်းကို Google Photos မှာ ဖန်တီးပေးထားပါတယ်။ ရွေးချယ်ချင်တဲ့ ဓါတ်ပုံများထဲမှ တစ်ခုကို ဖိထားပါ။ ပြီးမှ ကျန်တဲ့ ဓါတ်ပုံများကို Drag ဆွဲပြီး ရွေးချယ်နိုင်ပါတယ်။

4

၅။ Pinch လုပ်ပါ။
Photos ကဏ္ဍထဲမှာ Default အားဖြင့် Day View ကို ပြသပေးထားပါတယ်။ နေ့ရက်အလိုက် ဓါတ်ပုံများကို ပြသထားတာပါ။ လအလိုက်၊ နှစ်အလိုက် ဓါတ်ပုံများကို ကြည့်ချင်ရင် လက်နှစ်ချောင်းနဲ့ ဖိထားပြီး အတွင်းဘက်သို့ ပွတ်ဆွဲပါ။ Pinch In လုပ်လေလေ ဓါတ်ပုံများ ပိုမိုမြင်ရလေပါပဲ။ Pinch Out or Zoom In လုပ်ရင်တော့ ဓါတ်ပုံများကို ကြီးမားစွာ မြင်တွေ့နိုင်ပါတယ်။

Pinch မလုပ်ချင်သူများအတွက် အပေါ်ထိပ်မှ အစက်သုံးစက်ကို နှိပ်ပြီး Comfortable, Day, Month စတဲ့ View များကို ရွေးချယ်နိုင်ပါတယ်။

5
၆။ Backup Settings ကို ပြုပြင်ပါ။
Assistant ပထမဆုံးအကြံပြုမှာကတော့ သင့်ရဲ့ Google Account မှာ ဓါတ်ပုံများကို Backup လုပ်ဖို့ပါ။ Backup ကို On ပြုလုပ်ရမှာပါ။ ဘယ်ဘက်ထိပ်မှ Menu ကို နှိပ်ပြီး Settings> Back up & sync ထဲသွားပါ။ ထိပ်ဆုံးမှ Backup ခလုတ်ကို On ပေးပါ။ Backup Settings မှာ ဓါတ်ပုံများကို ၀ိုင်ဖိုင်ချိတ်ဆက်မိမှသာ Backup လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ ဗီဒီယိုများကိုလည်း ဒီအတိုင်းလုပ်နိုင်ပါတယ်။ သူ့အောက်မှာတော့ Backup လုပ်မယ့် ဖိုဒါများကို ရွေးချယ်နိုင်ပါတယ်။

6

Upload Size မှာ High Quality ကို ရွေးပေးရင် ဓါတ်ပုံများကို အကန့်အသတ်မရှိသိမ်းနိုင်ပါတယ်။ ဖိုင်အရွယ်အစားကို ချုံ့လိုက်မှာဖြစ်ပေမယ့် အရည်အသွေးမြင့်မားမယ်လို့ Google က ပြောပါတယ်။ Original ကို ရွေးရင်တော့ မူလ ဓါတ်ပုံ အရည်အသွေးအတိုင်းသိမ်းပေးမှာဖြစ်ပေမယ့် 15GB သာ သိမ်းနိုင်မှာပါ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ နည်းပညာတိုးတက်လာမှုနှင့်အတူ ခရီးသွားများ၏ ခရီးသွားလာမှုနှင့် ခရီးစဉ်စီစဉ်မှုပုံစံပြောင်းလဲလာ ♫

travel

ယနေ့ခေတ်တွင် နည်းပညာအမျိုးမျိုးဖွံ့ဖြိုးတိုးတက်လာခြင်း၊ အင်တာနက်စနစ်ကောင်းမွန်လာခြင်းတို့နှင့်အတူ ခရီးသွားများ၏ ခရီးသွားလာမှုပုံစံ၊ ခရီးစဉ်စီစဉ်မှုပုံစံများပြောင်းလဲလာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင်ကာ  လူမှုကွန်ယက်စာမျက်နှာများတွင်ခရီးစဉ်၊ခရီးသွားလုပ်ငန်းကြော်ငြာမှုများ သိသိသာသာ ခေတ်စားလာခဲ့သလို အွန်လိုင်း ပေါ်မှ တစ်ဆင့် ၀န်ဆောင်မှုများကိုရယူပြီး မိမိကိုယ်တိုင်ခရီးစဉ်စီစဉ်သွားလာမှုများလည်းပိုမိုများပြားလာခဲ့သည်ဟု ခရီးသွားလုပ်ငန်းရှင်အများစုကသုံးသပ်ထားသည်။
မြန်မာနိုင်ငံတွင်ခရီးသွားလုပ်ငန်းများတဖြည်းဖြည်းတိုးလာနေပြီး စမတ်ဖုန်းများကိုအသုံးပြုပြီးအွန်လိုင်းကနေတစ်ဆင့် မိမိကိုယ်တိုင်ခရီးစဉ်စီစဉ်လာမှုများသည် ယခုနှစ်ပိုင်းအတွင်းခေတ်စားလာသည့်စနစ်များဖြစ်လာခဲ့သည်။ ထို့အတူ ယုံကြည်စိတ်ချလွယ်ကူသည့်အွန်လိုင်းဝန်ဆောင်မှုစနစ်များသည်လည်း ယခင်ကထက်ပိုမို များလာခဲ့ပြီးယာဉ်လိုင်း၊ လေယာဉ်လိုင်းများအပါအ၀င် ဟိုတယ်၊စားသောက်ဆိုင်များမှာလည်း အွန်လိုင်းပေါ်မှ ၀န်ဆောင်မှုပေးခြင်းများပိုမိုများပြား လာသည့် အတွက် ခရီးသွားများအတွက် စိတ်တိုင်းကျခရီးစဉ် စီစဉ်မှုများအတွက်ပိုမိုအထောက်အပံ့ဖြစ်လာခဲ့သည်ဟု Jovago မှ အကြီးအကဲဖြစ်သူ Mr. Guilio ကသုံးသပ်ပြောကြားသည်။
ထို့ပြင် ပြင်အသစ်အခြေစိုက် အွန်လိုင်းခရီးသွားဝန်ဆောင်မှုဖြစ်သည့် Jovago အနေဖြင့်လည်း မြန်မာနိုင်ငံရှိ ခရီးသွားများ၏ခရီးသွားလာမှုပုံစံပြောင်းလဲလာစေရန်ရည်ရွယ်ပြီး ခရီးသွားများအနေဖြင့် နည်းပညာ၊ အွန်လိုင်းများကိုအသုံးပြုကာ ခရီးစဉ်စီစဉ်နိုင်ခြင်းအတွက်လိုအပ်သည့်နည်းပညာအကူအညီများကို အခါအားလျော်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။ Jovagoသည် မြန်မာနိုင်ငံရှိခရီးသွားများအနေဖြင့်ခရီးသွားလာရာတွင် online ကိုအသုံးပြုပြီး ပိုမိုလွယ်ကူ၍အချိန်ကုန်သက်သာဝန်ဆောင်မှုများကိုရရှိစေရန်ရည်ရွယ်ပြီးလုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။ Jovagoစတင်ခဲ့သည့်၂၀၁၅ဒီဇင်ဘာမှလက်ရှိအချိန်ထိJovagoတွင်အွန်လိုင်းမှတစ်ဆင့်ဟိုတယ်ခန်းငှားရမ်း ကြသူများမှာအပတ်စဉ်တိုးလာ ပြီး ယခုကဲ့သို့ပွင့်လင်းရာသီကာလများတွင် ကြိုတင်ဘွတ်ကင်ပြုလုပ်သူများလည်းအများအပြားရှိနေပြီဖြစ်သည်။
ထို့အတူ ယခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင်ကျရောက်သည့်ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ကိုလည်း Jovagoအနေဖြင့် ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလိုက်ပါသည်။ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ဆောင်ပုဒ်မှာ “မျှဝေခံစားအလေးထား၊ အားလုံးအတွက် ခရီးသွား” ဖြစ်သည့်အတိုင်း Jovago မှလည်း ဆောင်ပုဒ်နှင့်အညီ ခရီးသွားလုပ်ငန်းများ ကိုဆက်လက် လုပ်ဆောင်နိုင်ရန်မျှော်မှန်းထားပါသည်။ Jovago အနေဖြင့် တစတစတိုးလာသည့်ခရီးသွားများနှင့်အတူ ခရီးသွားလာရာတွင် offline စနစ်မှonlineစနစ်ကိုအသုံးပြုပြီးလွယ်ကူသက်သာသည့်နည်းလမ်းများဖြင့်ခရီး သွားလာနိုင်စေ ရန်ရည်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။
နှစ်စဉ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day) ကို စက်တင်ဘာ ၂၇ ရက်နေ့တွင်နိုင်ငံတကာ ၌ကျင်းပလျက်ရှိပြီး အထူးသဖြင့် ခရီးသွားကဏ္ဍတိုးမြှင့်ခြင်းဖြင့် နိုင်ငံတွင်းရှိအလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ခရီးသွားကဏ္ဍ၏အရေးပါပုံနှင့်၎င်းနှင့်ဆက်နွယ်ပြီးစီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအပေါ်သက်ရောက်မှုရှိပုံနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်စသည့်အချက်များအတွက်ကျင်းပလေ့ရှိသည်ဟု သိရသည်။ ၁၉၈၀ချုနှစ်မှစတင်ကာ  ကုလသမဂခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့ရက်ကို ၁၉၇၀ခုနှစ်မှစတင်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...