5/31/2017

♪ Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/huawei-nova-2-nova-2-plus-launched.jpg?fit=800%2C450&ssl=1

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ နှစ်လုံးစီ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

တစ်လုံးမှာ 12MP ဖြစ်ပြီး အခြားတစ်လုံးမှာ Portrait Mode နဲ့ Optical Zoom များကို ဖန်တီးပေးတဲ့ 8MP ဖြစ်ပါတယ်။ အရှေ့ဘက်မှာလည်း 20MP Camera ပါတဲ့အတွက် Selfie Photo ကောင်းများ ရိုက်ကူးနိုင်ပါတယ်။

ဖုန်း နှစ်လုံးစလုံးကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Nova 2 မှာ ၅ လက်မနဲ့ Nova 2 Plus မှာ ၅.၅ လက်မ မျက်နှာပြင်များ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်များဟာ Full HD Display များ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ အထူမှာ ၆.၉ မီလီမီတာ ဖြစ်ပါတယ်။ 2950mAh နဲ့ 3340mAh Battery များ အသီးသီး တပ်ဆင်ထားပါတယ်။ Kirin 659 Chipset ထည့်သွင်းထားပါတယ်။

Nova 2 အတွက် 4GB RAM/64GB Storage နဲ့ Plus အတွက် 4GB RAM/128GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ Nova 2 ကို ၃၆၅ ဒေါ်လာ၊ Plus ကို ၄၂၀ ဒေါ်လာဖြင့် ရောင်းချပေးမှာဖြစ်ပါ တယ်။




Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Huawei-Make-It-Possible.jpg?fit=800%2C450&ssl=1

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။

Huawei Panoramic Camera


Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ 13MP Camera တစ်လုံးစီ တပ်ဆင်ထားပါတယ်။ USB Type-C Port ပါပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ ၁၃၀ ဒေါ်လာဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။

Huawei Sports Band

အားကစားသမားများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားတဲ့ လက်ပတ်ဖြစ်ပြီး ၀တ်ဆင်သူ ပြေးတဲ့ အမြန်နှုန်းနဲ့ အကွာအဝေးကို တိုင်းတာပေးနိုင်တဲ့ GPS Model ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ နှလုံးခုန်နှုန်းနဲ့ ကယ်လိုရီ လောင်ကျွမ်းမှုကို တိုင်းတာပေးနိုင်ပါတယ်။ ရေစိုခံတဲ့အတွက် ရေကူးရင်တောင် ၀တ်ဆင်ထားနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ၀တ်ဆင် အသုံးပြုနိုင်ပါတယ်။ ရေကူးခြင်းနဲ့ ပတ်သက်တဲ့ဒေတာများကိုလည်း လက်ပတ်က တိုင်းတာပေးနိုင်ပါတယ်။ အခြား ကိုယ်လက်လှုပ်ရှားမှုများနဲ့ ပတ်သက်တဲ့ ဒေတာများကိုလည်း တိုင်းတာပေးနိုင်ပါတယ်။ Chip အသစ် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ထက် ၈၀ ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်ရည် ကောင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ တစ်ခါအားသွင်းထားရင် ၂၁ ရက် အသုံးခံပါတယ်။ သမားရိုးကျ မော်ဒယ်ကို ၄၄ ဒေါ်လာ ၊ GPS ပါတဲ့ မော်ဒယ်ကို ၅၇ ဒေါ်လာဖြင့် ဇူလိုင် ၁၄ ရက်မှာ ရောင်းချမှာပါ။

Huawei Bluetooth Headset

Bluetooth Headset မှာ နှလုံးခုန်နှုန်းကို တိုင်းတာပေးတဲ့ စွမ်းရည် ပါလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အခြား သတင်းအချက်အလက်များကို မသိရသေးပါဘူး။




Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/messengerlite_main_1493357755044.jpg?fit=800%2C450&ssl=1

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း ဂိမ်းများ ကစားနိုင်တဲ့ ၀န်ဆောင်မှုကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါတယ်။ ဂိမ်းများ မကစားတဲ့ လူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ပါပဲ။ ဒါ့အပြင် ၀န်ဆောင်မှုများ ထည့်သွင်းလာတာနဲ့ အမျှ Messenger ဟာ ဖုန်းရဲ့ စွမ်းအင်ကို အလွန် စားသုံးလာတဲ့ အတွက် ဖုန်းလေးလံခြင်းကို ဖြစ်စေပါတယ်။ ဒီလို ၀န်ဆောင်မှု အပိုများကို မသုံးချင်သူများအတွက် ရိုးရှင်းပြီး ပေါ့ပါးသွက်လက်တဲ့ Messenger Lite ကို ဖန်တီးပေးထားပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတာပါ။

အခုဆိုရင် Messenger Lite ကို ကမ္ဘာအ၀န်းမှာ အသုံးပြုသူ သန်း ၂၀၀ ကျော်ပါပြီ။ Messenger Lite ဟာ မြန်ဆန်ပြီး ဒေတာအနည်းငယ်ကိုသာ စားသုံးပါတယ်။ အင်တာနက်လိုင်း မကောင်းတဲ့ နိုင်ငံများမှာတောင် အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Lite ဟာ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က Messenger နဲ့ ဆင်တူပါတယ်။ သူ့မှာ Home, Contact နဲ့ Profile ဆိုတဲ့ Tab သုံးခုသာ ပါပါတယ်။ Home မှာ Chats များကို ပြသထားပါတယ်။ Contacts မှာ သင့်ရဲ့ Facebook သူငယ်ချင်းများအားလုံးကို ပြသထားပြီး သင် စကား အများဆုံးပြောတဲ့ လူများကို ထိပ်ဆုံးမှာ ထားရှိပေးထားပါတယ်။ Profile မှာ Settings, Notifications များကို စီမံခန့်ခွဲနိုင်ပါတယ်။ သူ့ရဲ့ Interface ဟာ အလွန် ရိုးရှင်းပါတယ်။

Facebook က Lite ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဖြန့်ချီပေးထားပါတယ်။ Google Play Store မှာ မြန်မာနိုင်ငံကနေ အင်စတော ပြုလုပ်နိုင်ပါတယ်။ Play Store မရှိသူများအတွက် Apkmirror.com ကနေ ရယူနိုင်ပါတယ်။

Download
Play Store Apkmirror 


ဒါပေမယ့် Messenger Lite မှာ အောက်ပါ စွမ်းဆောင်ချက်များ သို့မဟုတ် ၀န်ဆောင်မှုများကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
• Voice and Video Calling
• App Extensions ( Spotify, Lyft , etc. )
• GIFs
• Chat Heads
• SMS
Messenger Lite ကို သုံးရင် ပြန်ရရှိမယ့် အကျိုးကျေးဇူး အနေနဲ့ အောက်ပါ စိတ်ရှုပ်စရာများကို သင်မြင်ရမှာ မဟုတ်ပါဘူး။
• Messenger Day
• Games
• Bots
• Contacts များကို Sync ပြုလုပ်ဖို့ သတိပေးခြင်းများ
• နှောင့်နှေးကြန့်ကြာမှု
ဒါ့အပြင် Lite ဟာ သင့်ဖုန်း Storage ကို အနည်းငယ်သာ အသုံးပြုပါတယ်။ Apk ဖိုင်အရွယ်အစားကလည်း အလွန် သေးငယ်ပါတယ်။
Lite မှာ Face Filters များနဲ့ Built-in Camera များလည်း မပါပါဘူး။ ဒါပေမယ့် Stickers , Emoji များကိုတော့ သုံးနိုင်ပါတယ်။ ဖုန်းပြောလို့ မရပေမယ့် စကားများကို Record လုပ်ပြီး ပေးပို့နိုင်ပါတယ်။ Lite ကို Android အတွက်သာ ဖန်တီးပေးထားပြီး iOS အတွက်တော့ မထွက်ရှိသေးပါဘူး။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ အရောင်းရဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့ " Huawei GR5 2017 " Price - 380,000 Ks ♫

Image may contain: phone

Huawei GR5 2017 ဟာ အရောင်းရဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့အတွက် Huawei GR5 2017 (Premium) version ကို ပြီးခဲ့တဲ့ မတ်လလောက်ကို ထပ်မံအဆင့်မြှင့်တင် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် GR5 ထက် သုံးစွဲလို့ပိုကောင်းပြီး အနည်းငယ်လည်း ပိုဈေးနှုန်းမြင့်မားပါတယ်။ 

GSM ၊ HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano Dual SIM စနစ် ပါရှိပါတယ်။ ဖုန်းအရွယ်အစားက 150.9 x 72.6 x 8.2 mm ရှိပြီး 162g အလေးချိန် ရှိပါတယ်။ မျက်နှာပြင်အကျယ်က 5 လက်မခွဲရှိပြီး FHD touchscreen display နဲ့ ပြုလုပ်ထားပါတယ်။ ၄င်းက 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး မျက်နှာပြင်ကို 2.5D Curved Glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ မျက်နှာပြင်ပေါ်မှာ Multitouch စနစ်ကိုလည်း သုံးစွဲနိုင်သလို နောက်ကျောဘက်မှာ fingerprint sensor လည်း ပါရှိပါတယ်။

ကိုယ်ထည်ထဲမှာ HiSilicon Kirin 655 Octa-core 2.1 & 1.4 GHz processor တို့ကို ထည့်ထားပြီး Mali-T830MP2 graphics card ကို သုံးထားပါတယ်။ Non-removable Li-ion 3340 mAh battery ကိုသုံးထားလို့ 23 နာရီကြာ ဖုန်းဆက်တိုက်ပြောဆိုနိုင်ပါတယ်။



Specification
Display : 5.5 inches, FHD Capacitve Touchscreen
Memory : 32 GB, 3GB RAM, microSD, Up to 128 GB
Camera : Dual Camera, 12MP + 2MP Front : BMP
OS : Android OS, v 6.0 (Marshmallow)

Phone - 09-73230033 (King B2 Mobile & Accessories)

Price - 380,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/30/2017

♪ HTC ရဲ့နည်းပညာမြင့်မားသော စမတ်ဖုန်း - “HTC U11” ♫

Image may contain: phone

HTC ရဲ့ ရေစိုခံဖုန်း HTC U11 ဟာ စက်စွမ်းဆောင်ရည်မြင့်မားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ငွေ ရောင်၊ အပြာရောင်၊ အမည်းရောင်၊ အဖြူရောင်နဲ့ အနီရောင် အရောင် ၅ မျိုးနဲ့ထုတ်လုပ် ပေးမှာပဲဖြစ်ပါတယ်။ ၎င်းကို GSM, HSPA, CDMA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ Version နှစ်မျိုးကို ထုတ်လုပ်ပေးသွားမှာ ပါ။ ထည့်သွင်းအသုံးပြုနိုင်တဲ့ SIM Card ကတော့ Nano SIM ဖြစ်ပါတယ်။

IP67 certified ရရှိထားလို့ ဖုန်ဒဏ်တွေနဲ့ရေဒဏ် တွေကိုခံနိုင်ပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာမျှသုံးစွဲနိုင်ပါတယ်။ ၅ လက်မကျယ်တဲ့ မျက်နှာပြင်ကို Super LCD5 Capacitive touchscreen နဲ့ပြုလုပ်ထားပြီး 1440x2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးထားပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံအောင် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ အနောက်ကင်မရာက 12MP, f/1.7 aperture စွမ်းအားရှိပြီး အရှေ့ကင်မရာကတော့ 16MP ရှိပါတယ်။ 

ဒါကြောင့် အရည်အသွေးမြင့်ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက်လည်း Internal Memory 64GB, RAM 4GB နဲ့ Internal Memory 128GB, RAM 6GB ဆိုတဲ့ Version နှစ်ခုကိုထုတ်လုပ်ထားပြီး Micro SD Card ကိုလည်း 256GB အထိ ထပ်မံစိုက်ထည့်နိုင်ပါတယ်။

စက်စွမ်းဆောင်ရည်ပိုင်းအတွက်တော့ Qualcomm MSM8998 Snapdragon 835 chipset, Octa-core processor နဲ့ Adreno 540 GPU တို့ကို ထောက်ပံ့ထားလို့ တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင် ပါတယ်။ Li-Ion 3000mAh battery ထည့်သွင်းပေးထားလို့ အချိန် ကြာကြာ သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

<Specifications>

Network - GSM/HSPA/LTE
CPU - Octa-core (4x2.45GHz Kryo &
4x1.9GHz Kryo)
Memory - 64GB, 128GB (up to 256GB)
OS - Android OS, v7.1 (Nougat)
Bluetooth - v4.2, A2DP, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...