1/24/2014

HTC One Dual SIM ဖုန်းထွက်မည်
























HTC One ကိုမှ ဆင်းမ်ကဒ် ၂ ကဒ် ထည့်လို့ရတဲ့ ဖုန်းအမျိုးအစားသစ်ကို ထပ်မံ ဖြန်ချိတော့မှာ ဖြစ်ပါတယ်။ လက်ရှိ HTC One ရဲ့  Specification အများစု တူပေမယ့် ထူခြားပြောင်းလဲမှုတွေလည်း အများကြီး ရှိပါတယ်။
ပထမဆုံး အနေနဲ့ အနောက်က ကာဗာ အဖြုတ်၊ အတတ် လုပ်လို့ရ တာ တွေ့ရမှာ ဖြစ်ပါတယ်။ အလူမီနီယံ ကိုယ်ထည်နဲ့ လှပတဲ့ စမတ်ဖုန်းပါပဲ။ အရွယ်အစားအားဖြင့် ၄.၇ လက်မ ရှိတဲ့ 1920×1080 resolution screen တပ်ဆင်ထားပြီး ppi အရည်အသွေးက 468 ရှိပါတယ်။ ရှေ့ မှာ BoomSound speaker ၂လုံး ပါရှိပါတယ်။ Processor က 1.7 GHz quad-core ကို အသုံးပြုထားပြီး RAM 2GB ရှိပါတယ်။ NFC ရရှိ ပါတယ်။ ဘက်ထရီက 2300 mAh ပမာဏ ရှိပါတယ်။ ကင်မရာကလည်း Zoe Ultrapixel မို့လို့ ယနေ့ခေတ် 13 Megapixel ကင်မရာမျာကို ယှဉ်ပြိုင်ကျော်ဖြတ် နိုင်ပါတယ်။ SIM card တစ်ခုက HSPA, တစ်ခုက EDGE Connectivity အသုံးပြုမှာ ဖြစ်ပါတယ်။ Internet Memory ဘယ်လောက်လဲဆိုတာ ရေးမထားပေမယ့် microSD နဲ့ 64 GBH expend လုပ်နိုင်ကြောင်း ရေးသား ဖော်ပြ ထားပါတယ်။
ဆင်းကဒ် ၂ ကဒ်ထည့်လို့ရအောင် ဖန်တီးပေးတဲ့ အကြောင်း ကတော့ Network မတူတဲ့ ကဒ် သို့မဟုတ်၊ ဆင်းကဒ် ခွဲပြီး သုံးတတ်သူများအတွက် အဆင်ပြေအောင် ဖြစ်ပါတယ်။ ဈေးနှုန်းကို မကြေညာရသေး ပါဘူး။ မကြာမီ လပိုင်းအတွင်း HTC One Dual SIM ကို ဖြန့်ချိ ရောင်းချသွား မှာ ဖြစ်ကြောင်း သိရ ပါတယ်။


Credit to-myanmarmobileapp.com




























ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download