10/30/2016

♪ “KENBO O31 Plus” ♫


ဖုန်းသုံးနေတဲ့အချိန်မှာထစ်ငေါ့သွားခြင်း၊ လေးသွားခြင်းများကိုကြုံတတ်ပါတယ်။ သာမန်အချိန်တွင်မသိ သာ ပေမယ့် အလုပ်များသည့်အချိန်မျိုးနှင့် အရေးတကြီးသုံးစရာရှိသည့်အခါမျိုးတွင် ထိုကဲ့သို့ဖြစ်ပါက စိတ်အနှောင့် အယှက်ဖြစ်ကြ ရမှာပါ။ KENBO စမတ်ဖုန်းမှ ထစ်ငေါ့ခြင်းမရှိဘဲ မြန်ဆန် သွက်လက်စွာအသုံးပြုလို့ရမယ့် O31 Plus ဖုန်းကို သုံးစွဲသူများအတွက် ထုတ်လုပ်ရောင်းချပေးထားပါတယ်။

ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.2 inches ရှိတာကြောင့် အရမ်းမသေးသည့် အကျယ်အ၀န်းဖြစ်ပါတယ်။ ဖုန်းသုံးသည့်အခါမှာကြည်လင်ပြတ်သားသောမြင်ကွင်းများကိုရရှိစေဖို့ရန် 1920x1080 pixels ပမာဏရှိသည့် Full HD ရုပ်ထွက်ကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်ပေးထားပါတယ်။ 2.5D Screen ကို မျက်နှာပြင်မှာသုံးပေးထား သည့်အတွက် ရုပ်လုံးရုပ်ကြွများကိုဖုန်းမှာပိုမိုသိသာထင်ရှားစေမှာပါ။ 

ဖုန်းကို မြန်ဆန်သွက်လက်စေဖို့အတွက် Octa-core 1.3GHz စွမ်းရည်ရှိသော CPU စွမ်းရည်နဲ့ RAM 2GB ကို ပေါင်းစပ်ဖန်တီးပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါ တယ်။ အချက် အလက်သိမ်းဆည်းနိုင်မှုအပိုင်းတွင် ဖုန်းအတွင်းပိုင်း Memory အဖြစ် 16GB ပါရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ အချက်အလက်များစွာ သိမ်းဆည်းချင်သူများအနေဖြင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲရပါမယ်။ Micro SD Card ကို သုံး၍ သိမ်း ဆည်းနိုင်သည့်မှတ်ဥာဏ်ပမာဏမှာ 64GB ထိဖြစ်ပါတယ်။

လိုင်းဆွဲအားကောင်းမွန်ပြီး 2G/3G နှင့် 4G LTE မိုဘိုင်းကွန်ရက်တွေမှာ ဖုန်းသုံးနိုင်မှာဖြစ်ပါတယ်။ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားတဲ့ဖုန်းဖြစ် ပါတယ်။ အဓိကကင်မရာဟာ 13MP စွမ်းရည် ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ VIV/PIP ကင်မရာစနစ်၊ Wide Selfie, Panorama, Night Mode, Beauty Face အစရှိသော Camera Function များကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။အားသွင်းအသုံးပြုရမယ့် ဘက်ထရီ ပမာဏမှာ 2900mAh ဖြစ်ပါတယ်။

<Specification>

Network - 2G/3G/4G
Memory - 16 GB
CPU - Octa Core 1.3 GHz
Camera - 13MP
Screen - 5.2 inches
OS - Android OS, v5.1
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “Samsung Note 7 User များ iPhone 7 ပြောင်းသုံးမည်” ♫


Samsung ရဲ့ Note 7 စမတ်ဖုန်းများရောင်းချမှုကိုရပ်နားလိုက်ပြီးနောက် Note 7 နဲ့ Samsung Users များ ဘယ် ဖုန်းပြောင်းသုံးကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။ နည်းပညာနယ်ပယ်မှ လူများက LG V20 နဲ့ Google Pixel Phones များဟာရွေးချယ်စရာတွေလို့ ပြောပါတယ်။

စစ်တမ်း တစ်ခုအရ Google Phone ပြောင်းသုံးမယ့် လူဟာ ရာခိုင်နှုန်းအနည်းငယ်သာ ရှိတယ်လို့ ပြောပါတယ်။ ဈေးကွက်ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်း KGI မှ Ming-Chi Kuo က Samsung User ၅ သန်းကနေ ၇ သန်းဟာဒီနှစ်ထဲမှာ iPhone 7 ပြောင်းသုံးမယ်လို့ တွက်ချက်ပါတယ်။

Samsung ကို ယုံကြည်မှု ကျဆင်းသွား တဲ့ ဖောက်သည်များအတွက် Samsung လိုကင်မရာကောင်းမွန်တဲ့ iPhone 7 ဟာ ဆွဲဆောင်မှု ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “Power Tips For iPhone 7” ♫


iPhone 7 နဲ့ iPhone 6s တို့ဟာ အပြင်ပိုင်းမှာ ဆင်တူပေမယ့် အတွင်းပိုင်း မှာတော့ များစွာကွာခြားသွားပါ တယ်။ iPhone 7 မှာ အံ့မခန်း Processor အသစ်၊ Home Button အသစ်နဲ့ ရေစိုခံတဲ့ဒီဇိုင်းအသစ် ပါလာ ပါတယ်။ ယခင် iPhone မျိုးဆက်များထက် သာလွန်တဲ့ ကင်မရာပါလာပါတယ်။ iPhone 7 Plus မှာ Zoom ပိုချဲ့နိုင်တဲ့ Telephoto Camera တစ်လုံး အပိုပါပါတယ်။ 7MP Front Camera ကလည်း Selfie ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်ပါတယ်။ အသံအရည်အသွေးကောင်းမွန်တဲ့ စတီရီယိုစပီကာများတပ်ဆင် ထားပါတယ်။ ထွက်ရှိပြီးသမျှ စမတ်ဖုန်းများထဲမှာ အကောင်းဆုံးမျက်နှာပြင်ကို ပိုင်ဆိုင် ထားပါတယ်။ iPhone အသစ်မှာ iOS 10 ထည့်ပေးထားတာကလည်း အကောင်းဆုံး iPhone ဖြစ်လို့နေပါတယ်။ iPhone 7 မှာ ထူးခြားတဲ့ စွမ်းဆောင်ချက်အသစ်များပါလာပါတယ်။ Customize လုပ်နိုင်တဲ့ Home Button ၊ တိုးတက်လာတဲ့ ကင်မရာအကြောင်းတွေကို အသေးစိတ် ဖော်ပြ ပေးချင်ပါတယ်။ စာဖတ်သူများအတွက် iPhone အသစ်ကို အကောင်းဆုံး အသုံးချနည်းများပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းများထဲမှ များစွာကို iOS 10 ထည့်သွင်းထားတဲ့ iPhone အဟောင်းများမှာလည်း သုံးနိုင်ပါတယ်။
<iPhone 7 ရဲ့ အံ့မခန်း ကင်မရာကို ကျွမ်းကျင်စွာ အသုံးပြုနည်း>
၁။ ရေစိုခံခြင်း
iPhone အသစ်များဟာ IP67 စံနှုန်းရှိတဲ့အတွက် ရေအနက် ၁ မီတာ အောက် မှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။ Apple က ရေစိုခံတယ်လို့ ပြောပေမယ့် ရေအောက်ထဲ အထိတောင် အသုံးပြုနိုင်ပါတယ်။
၂။ Live Photo များကို Edit လုပ်နည်း
iPhone 7 မှာ iOS က ဓာတ်ပုံများ မဖန်တီးခင် Live Photo များကို Edit လုပ်နိုင်ပါပြီ။ Edit ကို နှိပ်ပြီး Crop လုပ်ခြင်း၊ Filter ထည့်ခြင်းနဲ့ အလင်းရောင် ချိန်ညှိခြင်းတို့ကို ပြုလုပ်ပါ။
၃။ Exposure ကို ထိန်းချုပ်နည်း
သင်ရိုက်မယ့် ဓာတ်ပုံအတွက် အကောင်းဆုံး Focus Point ရဖို့ ဖုန်းစကရင်ကို တစ်ချက်နှိပ်ပါ။ Slider ပေါ်လာပြီး အပေါ်၊ အောက်ရွှေ့ခြင်းဖြင့် သင့်ဓာတ်ပုံ အတွက် Exposure ကို ချိန်ညှိနိုင်ပါတယ်။
၎။ ချောမွေ့အောင်လုပ်ပါ။
iPhone Settings App ထဲမှာ သင့် ဗီဒီယိုရဲ့ Frame Rate ကို မြင့်တင်ဖို့ Option ရှိပါတယ်။ တစ်စက္ကန့်လျှင် ဖရိမ် ၆၀ နှုန်းဖြင့် 4K Video ရိုက်နိုင် ပါတယ်။
၅။ Optical Zoom
iPhone 7 Plus ရဲ့ အနောက်မှာ ဒုတိယကင်မရာတစ်လုံး အပိုပါပါတယ်။ ပထမဆုံးအနေဖြင့် Optical Zoom ပြုလုပ်နိုင်ပါပြီ။ စကရင်မှ အိုင်ကွန် အသစ် ကိုနှိပ်ပြီး Telephoto Lens ကို ပြောင်းပါ။
၆။ ကင်မရာကို လျင်မြန်စွာဖွင့်ပါ
iOS 10 ရဲ့ Lock Screen ဟာ ပြောင်းသွားပါတယ်။ ဒါပေမယ့် ကင်မရာကို လျင်မြန်စွာဖွင့်နိုင်တုန်းပါပဲ။ Lock Screen ရဲ့ ညာဘက်မှ ဘယ်ဘက်သို့ ပွတ်ဆွဲလိုက်တာနဲ့ ကင်မရာကို ဖွင့်နိုင်ပါတယ်။
၇။ Time-Lapse
Camera Option မှာ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး Time-Lapse Mode ကို ဖွင့်နိုင်ပါတယ်။ သူက စက္ကန့်တိုင်းမှာ ဓာတ်ပုံရိုက်ပေးပါတယ်။ အဲဒီနောက်မှာ အလိုအလျောက် ပေါင်းစပ်ပေးပါတယ်။
၈။ Focus ကို Lock လုပ်ပါ
ဓာတ်ပုံရိုက်တဲ့အခါမှာ စကရင်ကိုတစ်ချက်နှိပ်ပြီးဖိထားပါ။ ကင်မရာက အဲဒီ နေရာအတွက် Focus နဲ့ Exposure ကို Lock လုပ်ပေးမှာပါ။ အဲဒီအတွက် ဓာတ်ပုံများကို တီထွင်ဆန်းသစ်နိုင်ပါတယ်။
၉။ Digital Zoom
Digital Zoom ကို သုံးဖို့ စကရင်မှာ လက်နှစ်ချောင်းဖြင့် ဆန့်ကားပါ။ ဒီနည်း ဟာ iPhone 7 Plus ရဲ့ ဒုတိယ ကင်မရာနဲ့လည်း အလုပ်လုပ်ပြီး ၁၀ ဆ Zoom ဆွဲပေးပါတယ်။
<iPhone 7 အတွက် Camera Apps ၅ ခု>
၁၀။ ProCam 4 ( ၄.၉၉ ဒေါ်လာ)
စွမ်းရည်မြင့် ကင်မရာ App ဖြစ်ပြီး Shutter Speed , ISO တို့ကို ထိန်းချုပ် နိုင်ပါတယ်။ RAW Format ကို ရိုက်နိုင်ပါတယ်။ iPhone 7 ရဲ့ ကင်မရာ အသစ်ကို အကောင်းဆုံး အသုံးချဖို့ ဖန်တီးထားတဲ့ Low-Light Mode ပါပါ တယ်။
၁၁။ Pixelmator( ၄.၉၉ ဒေါ်လာ )
ဓာတ်ပုံများပေါ်မှာ Brush ဖြင့်ပုံရေးဆွဲနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို ဖြတ်ထုတ်ပြီး Layer များ ဖန်တီးနိုင်ပါ တယ်။ အဲဒီနောက်မှာ Layer တစ်ခု ချင်းစီကို Edit လုပ်နိုင်ပါတယ်။ Tools များစွာပါတဲ့ iPhone 7 အတွက် ကင်မရာ App ကောင်းတစ်ခုပါ။
၁၂။ Lightroom ( Free )
သင်ဟာ Adobe Creative Cloud ကို ၀ယ်ယူထားသူဆိုရင် ဒီ Photo Editor က ပိုလို့တောင် ကောင်းပါတယ်။ သင့်ဓာတ်ပုံရဲ့ သီးခြားနေရာတစ်ခုကို ပြင်ဆင်နိုင်တဲ့ Selective Local Adjustments လို အပို စွမ်းဆောင်ချက် များကို Member များ သုံးနိုင်ပါတယ်။
၁၃။ Camera+ ( ၂.၉၉ ဒေါ်လာ )
Camera+ မှာ ထိန်းချုပ်မှုများစွာကို သုံးနိုင်ပါတယ်။ အဲဒီအထဲမှာ iPhone 7 ရဲ့ Optical Image Stabilization ကိုအသုံးချပြီး တည်ငြိမ်တဲ့ဓာတ်ပုံများ ရိုက်ပေး သည့် Stabilizer Shooting Mode နဲ့ အလွန်အစွမ်းထက်တဲ့ Clarity Filter ပါပါတယ်။
၁၄။ Instagram ( Free )
iPhone 7 ရဲ့ အရှေ့၊ အနောက် ကင်မရာ ၂ ခုစလုံးမှာ ပိုမိုများပြားလာတဲ့ အရောင်ဖမ်းယူမှုများကို အသုံးချ နိုင်သည့် Instagram Version အသစ် ထွက်လာပါပြီ။ Live Photos များ ရိုက်နိုင်ပါတယ်။
၁၅။ သင့်ရဲ့ iPhone Settings မှာ အနှေးဗီဒီယိုများရဲ့ အမြန်နှုန်းကို ပြောင်းနိုင်ပါတယ်။ Frame Rates မြင့်လေလေ ပိုနှေးလေလေ ဖြစ်ပါတယ်။
<Home Button ကို အကောင်းဆုံး အသုံးချနည်း>
Apple က iOS 10 မှာ အံ့သြစရာတစ်ခုကို ဖန်တီးထားပါတယ်။ iPhone ကို Unlock လုပ်တဲ့နည်းကို ပြောင်း ထားတာပါ။ Unlock လုပ်ဖို့ လက်ချောင်းကို Home Button ပေါ်တင်ပြီး Scan လုပ်ရမှာပါ။ Apple Pay ကို လည်း ဒီနည်း ဖြင့် သုံးနိုင်ပါတယ်။ Touch ID မှာ သင့် လက်ချောင်းများကို မှတ်ပုံတင်နည်း ကို ပြောပြမှာပါ။
၁၆။ Force Restart
Lock နဲ့ Volume Down Button ကို ဖိထားရင် Force Restart လုပ်ပေးမှာပါ။ Recovery Mode ထဲကိုလည်း ၀င်နိုင်ပါတယ်။
၁၇။ လက်ဗွေရာများ ထည့်ပါ
Settings ထဲသွားပြီး Touch ID & Passcode ကို ရွေးပါ။ Touch ID ကို Activate မလုပ်ရသေးရင် On ပေးပါ။ ညွှန်ပြချက်အတိုင်း လက်ဗွေရာကို ထည့်ပါ။
၁၈။ လက်ဗွေရာ အားလုံး မှတ်ပုံတင်ပါ
လက်ဗွေရာ ၅ ခုအထိ မှတ်ပုံတင်ထားနိုင်ပါတယ်။ ပိုမိုစိတ်ချရအောင် လက်ဗွေရာအားလုံးကို မှတ်ပုံတင်ထား သင့်ပါတယ်။
၁၉။ Apple Pay ကို Activate လုပ်ပါ
Touch ID Menu ထိပ်မှ Apple Pay Slider ကို On ပေးပါ။ ပြီးရင် Main Settings ပြန်သွားပြီး Credit Card ထည့်ဖို့ Wallet & Apple Pay ကို နှိပ်ပါ။
၂၀။ ဈေးဝယ်ပါ
ကတ်ထည့်ပြီးရင် Activate လုပ်ဖို့ Home Button ကို ၂ ချက်နှိပ်ပါ။ ဈေးဆိုင် များမှာ သင့်ဖုန်းကို Terminal နဲ့ ထိပြီး သင့်လက်ဗွေရာကို Scan လုပ်လိုက် တာနဲ့ ငွေရှင်းနိုင်ပါပြီ။
၂၁။ တုန်ခါမှုကို ထိန်းညှိပါ
iPhone 7 ရဲ့ 3D Touch Home Button ကို နှိပ်ရင် တုန်ခါမှုကို ခံစားရမှာပါ။ အဲဒီတုန်ခါမှုကို Settings ထဲမှာ သင့်စိတ်ကြိုက် ချိန်ညှိုနိုင်ပါတယ်။
• တုန်ခါမှုပုံစံ ၃ ခုရှိပါတယ်။ Settings ထဲကနေ General ထဲသွားပါ။ Home Button ကို နှိပ်ပါ။
• Default အားဖြင့်နံပါတ် ၂ ကို ရွေးပေးထားပြီးအလယ်အလတ် တုန်ခါမှု ဖြစ်ပါတယ်။ ပြင်းပြင်း သို့မ ဟုတ် ပျော့ပျော့ကို ကြိုက်ရင် နံပါတ် ၁ နဲ့ ၃ ကို ရွေးပါ။
• ရွေးပြီးရင် Home Button ကို နှိပ်ပြီး စမ်းသပ်နိုင်ပါတယ်။ စမ်းသပ်ရင် Settings ကို ပိတ်မှာမဟုတ် ပါဘူး။ ရွေးထားတာကို နှစ်သက်ရင် Done ကို နှိပ်ပါ။
၂၂။ သင့်ရဲ့ Apple Watch နဲ့ ပြန်လည် ချိတ်ဆက်ပါ။
• သင့်ရဲ့ iPhone အဟောင်းမှာ My Watch Tab ထဲသွားပြီး Apple Watch > Unpair Apple Watch ကို နှိပ်ပါ။ ဒါဆိုရင် သင့် စမတ်နာရီကို Back Up လုပ်မှာပါ။ အဲဒီအတွက် Unpair မလုပ်ခင် Device ၂ ခုစလုံးကို နီးကပ်စွာ ထားပါ။
• iPhone အဟောင်းကို iCloud မှာ Back Up လုပ်ပြီး iPhone 7 ကို ဖွင့်ပါ။ iCloud Backup ကနေ iPhone 7 မှာ Restore လုပ်ပါ။ ဒါဆိုရင် စမတ် နာရီဒေတာများ အပါအ၀င်ဒေတာအားလုံးကို ပြန်လည် ရရှိမှာပါ။
• ပြီးရင် ဖုန်းအသစ်ကနေ Watch App ကို ဖွင့်ပါ။ Start Pairing ကို နှိပ်ပါ။ Restore from Backup ကို ရွေးပြီး ယခင် Backup ကို ရွေးပါ။
<Lock Screen ကို သင့်စိတ်ကြိုက် ဖန်တီးပါ>
၂၃။ Widgets
Widget View ကို ဖွင့်ဖို့ ညာဘက်သို့ ပွတ်ဆွဲပါ။ အောက်ကို ဆင်းပြီး Edit ကို နှိပ်ပါ။ အဲဒီမှာ Widget များကို ထည့်သွင်း၊ ဖယ်ရှားနိုင်ပါတယ်။
၂၄။ Home
Home Widget အသစ်ကို သုံးရင် Lock Screen ကနေ သင့်နေအိမ်မှ စမတ် ကိရိယာများကို ထိန်းချုပ်နိုင်ပါ တယ်။ Home App ထဲမှာ အရင်ဆုံး Set Up လုပ်ထားရမှာပါ။
၂၅။ Control Center
Lock Screen ကနေ Control Center ကို ထိန်းချုပ်နိုင်ပါတယ်။ အလင်းရောင် ပမာဏကို ချိန်ညှိဖို့ Flashlight ကို 3D Touch ဖြင့် သုံးနိုင်ပါတယ်။ ကင်မရာရဲ့ Shooting Modes များကိုလည်း ဒီလို ပြောင်းလဲနိုင်ပါတယ်။
<မသိမဖြစ် iPhone 7 Settings များ>
iOS 10 မှာ လူသိပ်မသိတဲ့ Settings အသစ်များ ပါလာပါတယ်
၂၆။ သီချင်းများကိုဖျက်ပါ
Settings ထဲမှာ သီချင်းများအတွက် Optimised Storage ကို Activate လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ရင် သီချင်းများသိုလှောင်တဲ့ပမာဏကို ကန့်သတ် မှာဖြစ်ပြီးသင့်ဖုန်းမှာနေရာနည်းပါးလာတဲ့အခါမှာသင်နားမထောင်တဲ့ သီချင်း များကို ဖျက်ပေးမှာပါ။
၂၇။ မသုံးတဲ့ Apps များကို ဖွက်ပါ
Apple ရဲ့ ကြိုတင်ထည့်သွင်းထားတဲ့ Apps များကို အခုတော့ Home Screen ကနေပဲ ဖွက်နိုင်ပါပြီ။ App Icon ကို ဖိထားပြီး ကြက်ခြေခတ်ကိုနှိပ်ပါ။ ဒါဟာ ဖျက်တာမဟုတ်ဘဲ ဖွက်လိုက်တာပါ။
၂၈။ ဖုန်းခေါ်သူကို သိပါစေ
Settings ရဲ့ Phone Options ထဲမှာ သင့်ထံဖုန်းခေါ်သူကို Siri က ပြောပေးဖို့ ပြုလုပ်နိုင်ပါတယ်။ Headphone ကိုသုံးမှ ကြေညာပေးဖို့လည်း သတ်မှတ် နိုင်ပါတယ်။
၂၉။ လက်ရေး Message
လက်ရေးဖြင့် Message များရေးသားနိုင်ပါပြီ။ Conversation တစ်ခုကိုဖွင့်ပြီး သင့်လက်ချောင်းဖြင့် စာရေး သားပါ။
၃၀။ အိပ်ရာဝင်ချိန်ကို သတ်မှတ်ပါ
Clock App ထဲမှာ အိပ်ရာဝင်ချိန်ကို သတ်မှတ်နိုင်ပါပြီ။ သူက သင်အိပ်ရာဝင် ချိန်ရောက်ရင် သတိပေးမှာပါ။
၃၁။ iPhone 6s, iPhone SE , iPhone 7 တို့မှာ Raise to Wake ကို Activate လုပ်နိုင်ပါတယ်။ ဖုန်းကို အပေါ်မြှင့်တင်လိုက်တာနဲ့ Wake လုပ်ပေးမှာပါ။
Apple Music ကို ကျွမ်းကျင်စွာ အသုံးပြုပါ။
၃၂။ Automatic Download
Library ထဲထည့်ထားတဲ့အရာများကို အလိုအလျောက်ဒေါင်းလုပ်လုပ်နိုင်ပါပြီ။ အခြား Device မှာ ထည့်ထား ရင်တောင် ဒေါင်းလုပ်လုပ်ပေးပါတယ်။ အဲဒီ အတွက် Device တိုင်းမှာ ရယူအသုံးပြုနိုင်မှာပါ။
၃၃။ Playlist ရွေးချယ်ပါ
Apple Music ရဲ့ For You ကဏ္ဍထဲမှာ စကရင်ရဲ့ ထိပ်မှာ Playlist ၂ ခုကို တွေ့ရမှာပါ။ My Favourite Mix နဲ့ My New Music Mix တို့ဖြစ်ပါတယ်။ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
၃၄။ ပြန်လည်ဆန်းသစ်ပါ
သင်နှစ်သက်တဲ့ Playlist ကိုရွေးပြီး ဖွင့်ပါ။ နားထောင်နေစဉ်မှာ သီချင်း တစ်ပုဒ်ပေါ်ကို 3D Touch လုပ်ပါ။ Like or Dislike လုပ်ခြင်းဖြင့် Apple Music က သင်ကြိုက်တဲ့ သီချင်းများကို လေ့လာခွင့်ပေးပါ။
၃၅။ သီချင်းများကို ထိန်းချုပ်ပါ
အောက်ခြေမှ Now Playing Bar ကို နှိပ်ပြီး သီချင်းများကို ထိန်းချုပ်နိုင်ပါ တယ်။ အောက်ဘက်ဆင်းရင် Up , Next , Shuffle , Repeat တို့ကို သုံးနိုင် ပါတယ်။
၃၆။ သီချင်းစာသားကို ကြည့်ပါ
သီချင်းစာသားများကို ကြည့်နိုင်ပြီ ဖြစ်တဲ့အတွက် သီချင်းလိုက်ဆိုနိုင်ပါပြီ။
<Message ကို ကျင်လည်စွာသုံးပါ>
Messages App ကိုလည်း အဆင့်မြှင့်ထားပါတယ်။ စွမ်းဆောင်ချက် အသစ် များကြောင့် သူငယ်ချင်းများနဲ့ နည်းလမ်းအသစ်များဖြင့် Chat နိုင်ပါပြီ။
Emoji , Stickers အသစ်များကိုလည်း ထည့်သွင်းပေးထားပါတယ်။
၃၇။ ဓာတ်ပုံပို့ပါ
Message တစ်ခုမှာ More Option ကို မြင်ရဖို့ ကီးဘုတ်ရဲ့ ဘယ်ဘက် အပေါ် ထိပ်မှ မျှားကို နှိပ်ပါ။ ကင်မရာကို နှိပ်ပြီး ဓာတ်ပုံရိုက် ပေးပို့နိုင်ပါတယ်။
၃၈။ ဓာတ်ပုံမှာ ပုံဆွဲပါ
Message မှ ဓာတ်ပုံကိုတစ်ချက်နှိပ်ပြီး အကြီးချဲ့ကြည့်ပါ။ အောက်ခြေမှ Markup ကို နှိပ်ရင် ဓာတ်ပုံပေါ်မှာ စာရေးခြင်း၊ ပုံဆွဲခြင်း၊ စာရိုက်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။
၃၉။ Apps များကို သုံးပါ
Message အတွက် သီးသန့် ဖန်တီးထားတဲ့ Apps များကို သုံးနိုင်ပါတယ်။ Menu ကနေ App Store Icon ကို နှိပ်ပါ။ စတစ်ကာများကို ဒေါင်းလုပ် လုပ်နိုင် ပါတယ်။ သူငယ်ချင်းများနဲ့ Chat ရင်းကနေ ကစားဖို့ ဂိမ်းများတောင် ရယူ နိုင်ပါတယ်။
<Mail အတွက် နည်းလမ်းများ>
iOS 10 မှာ Mail အတွက်စွမ်းဆောင်ချက်များစွာ ထည့်ပေးထားပါတယ်။ အီးမေးအသုံးများသူများ နှစ်သက်ကြ မှာပါ။ iPhone ကို စီးပွားရေးအတွက် သုံးနေကြတဲ့အတွက် အီးမေးဟာ အရေးပါပါတယ်။
၄၀။ အီးမေးကို Filter လုပ်ပါ
ဘယ်ဘက်အောက်ခြေမှ ခလုတ်အသစ်က သင်ဖတ်ပြီးသားအီးမေးများကို Filter လုပ်ပေးပါတယ်။ အဲဒီအ တွက် မဖတ်ရသေးတဲ့ အီးမေးများကိုသာ တွေ့မြင်ရမှာပါ။
၄၁။ Filter ကို ထိန်းချုပ်ပါ
အောက်ခြေဘားရဲ့ အလယ်ကို နှိပ်ရင် Options များစွာကို မြင်ရမှာပါ။ Mailbox များ ရွေးချယ်ခြင်းနဲ့ အခြား အရာများကို ပြုလုပ်နိုင်ပါတယ်။
၄၂။ အီးမေး ရေးပါ
အီးမေးများစွာကို တစ်ပြိုင်နက် ရေးနိုင်ပါပြီ။ အီးမေးတစ်စောင်ရေးနေတုန်း Mailbox ကို ပြန်သွားပြီး Compose Button ကို နှိပ်ရင် အီးမေးအသစ် ရေးနိုင် မှာပါ။
၄၃။ အီးမေးကို Dock မှာထားပါ
အီးမေးရေးနေရင်းကနေ အခြားအရာတစ်ခုကို ကြည့်ချင်ရင် အီးမေးရဲ့ ထိပ်မှ ဘားကိုဖိထားပြီး အောက်ကို ဆွဲချ ပါ။ ဒါဆိုရင် အီးမေးကိုအောက်ခြေမှ Dock မှာ ထားပေးမှာပါ။
၄၄။ အီးမေးများစွာ ရေးပါ
အီးမေးရေးနေရင်းကနေ Compose ကိုနှိပ်ပြီး အီးမေးအသစ်ရေးနိုင်ပါတယ်။ Safari Tabs လို Docked Message ကို နှိပ်ရင် အီးမေးအားလုံးကို ပြပေးမှာပါ။
၄၅။ MailDrop and iCloud Drive
အီးမေးကို ၂ ချက်နှိပ်ပြီး Attachment ထည့်ဖို့ Pop-Up Menu မှ ညာဘက် ကိုနှိပ်ပါ။ iCloud Drive ကို ရွေးချယ်ပါ။ အရွယ်အစားကြီးတဲ့ ဖိုင်များကို MailDrop ကနေ ပို့ပေးမှာပါ။


Mobile Guide Journal (Every Monday) https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ “Account ခွဲများစွာ အပြိုင်သုံးလိုသည့်အခါ” ♫



အွန်လိုင်းဝန်ဆောင်မှုအချို့(ဥပမာ- Gmail, Facebook)မှာ Account ဖွင့်ပြီးမှ အသုံးပြုနိုင်ပါသည်။ သို့ရာတွင် ၀န်ဆောင်မှုတစ်ခုစီအတွက် account တစ်ခု တည်းဖွင့်၍အသုံးပြုရေးမှာ အမြဲတစေမဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီ၏ အနေအထားကိုလိုက်၍ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးလိုအပ်ချက်များ မတူညီနိုင်သောကြောင့် ဖြစ်ပါသည်။ အွန်လိုင်း ၀န်ဆောင်မှုတစ်ခုအတွက် account တစ်ခုမကထားရှိအသုံးပြုခြင်းမှာ ကွန်ပျူတာပေါ်တွင် အလွန်လွယ် ပါသည်။ စမတ်ဖုန်းနှင့် တက်ဘလက်များပေါ်မှ ထိုသို့အသုံးပြုရေးသည် ကွန်ပျူတာပေါ်မှာလောက်မလွယ်ပါ။ သို့သော် လိုလျှင်ကြံဆနည်းလမ်းရ ဆိုသည့်အတိုင်း မရရအောင်ဆောင်ရွက်နိုင်သည့်နည်းလမ်းများရှိပါသည်။ ယင်းတို့ကို အောက်ပါအတိုင်းတွေ့ရပါမည်။

<Google>
တစ်ခုထက်မကသော Google account (အထူးသဖြင့် Gmail account) ပေါင်းများစွာကို Android device တစ်ခု တည်းပေါ်မှဖွင့်၍ ၀င်နိုင်ပြီး ယင်း account များအကြား လျင်မြန်စွာကူးလူးအသုံးပြုနိုင်သော နည်းလမ်းရှိပါ သည်။ မိမိထံတွင် အိမ်နှင့်ရုံးအတွက် အသုံးပြုရန် သီးခြား account များရှိ သည် ဆိုပါက ယင်းနည်းလမ်းက လွန်စွာအသုံးဝင်ပါသည်။ တစ်ခုထက် ပိုသော Google account ကိုအသုံးပြုရန် နည်းလမ်းမှာ Gmail app ကိုအသုံးပြုရန်ဖြစ်ပါသည်။ဦးစွာ Gmail app ကိုဖွင့်လိုက်ပါ။ ပြီးလျှင် ယင်း app ၏ sidebar ကို ထပ်ဖွင့်ပါ။ ပြီးလျှင် အီးမေးလိပ်စာဘေးရှိ အောက် စိုက်မြှား ခေါင်းနေရာတွင် တစ်ချက်ခေါက်ပါ။ ပြီးလျှင် add account ကိုရွေးပါ။ account တစ်ခုကို ထပ်ပေါင်းထည့်ပြီးသည်နှင့် တစ်ပြိုင်နက် ယင်း account မှနေ၍ Google Drive အပါအ၀င် Google ၏ account များကိုအသုံးပြုနိုင် ပါပြီ။ ယင်းဝန်ဆောင်မှု များထဲတွင် Calendar နှင့် Docs တို့လည်း ပါဝင်ပါ သည်။

Account ပြောင်း၍ အသုံးပြုလိုတိုင်း Gmail app ၏ sidebar ကိုဖွင့်ကာ မိမိ သုံးလိုသည့် အီးမေးလိပ်စာကို ရွေးပေးရ ပါမည်။ ထို့ပြင် sidebar menu ရှိ Manage Account ကိုရွေးခြင်းဖြင့် မည်သည့် app နှင့် မည်သည့် account တို့ကြား Sync လုပ်မည်ကိုလည်း ရွေးချယ်ခွင့်ရစေပါသည်။ အကယ်၍ Gmail အတွင်းဝင်လိုက်မည်ဟုဆိုလျှင် တစ်စုတည်းစုစည်းထားပြီး ဖြစ်သော Inbox မှနေ၍ မိမိ၏ အီးမေး Account အားလုံး၏ ၀င်စာများကိုကြည့်နိုင်ပါမည်။

ထို့ပြင် setting menu ကိုဖွင့်၍ အီးမေးတစ်ခုစီ အားလိုအပ်သလို ချိန်ညှိနိုင်ပါ ဦးမည်။ ပမာဆိုရသော် email notification တို့ကို မိမိအားအသိပေးမည်၊ မပေးမည်ကို ရွေးချယ်ခြင်းမျိုးဖြစ်ပါသည်။ ပေါင်းထည့်ထားသော Google account တစ်ခုအားဖျက်မည်ဆိုပါက Android setting app ရှိ Accounts ကိုဖွင့်ပြီး Google ကိုရွေးချယ်ရပါမည်။ ပြီးလျှင် မိမိဖျက်လို သော account ကိုရွေးရပါမည်။ ပြီးလျှင် အစက်သုံးစက်ပြထားသောနေရာကို တစ်ချက်ခေါက် ပါက option list ကျလာပါမည်။ ယင်းထဲမှ Remove account ကိုရွေးပေးရပါ မည်။

<Facebook>
Facebook ၌ account ခွဲများစွာကို တစ်ပြိုင်တည်းအသုံးပြုလိုသည်ဟုဆိုလျှင် Parallel space ကိုအသုံးပြုရပါမည်။ Parallel space သည် ထင်ရှားကျော်ကြား သော app များစွာကို ပုံတူပွားပေးနိုင်ပါသည်။ ထိုအထဲတွင် Facebook, Gmail, Twitter, Netflix စသည်တို့ပါဝင်ပါသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ ၀န်ဆောင်မှု တစ်ခုအောက်တွင် account ခွဲများစွာ အသုံးပြုနိုင်ပြီး ယင်း account တစ်ခုမှတစ်ခုသို့ အလွယ်တကူ ကူးလူးအသုံးပြုနိုင်ပါသည်။ ယင်း app ကို install လုပ်ပြီးပြီဟုဆိုလျှင် ပထမဆုံးဝန်ဆောင်မှုတစ်ခုအတွက် multiple account သွင်းနည်းကိုကြည့်ပြီး အခြားဝန်ဆောင်မှုများတွင်လည်း အလားတူ အသုံးပြုနိုင်ပါသည်။အခြားသော အပိုဆောင်း app များ install မပြုလုပ်လိုဘဲ ဒုတိယ Facebook account တစ်ခုကို အသုံးပြုလိုသည်ဟု ဆိုလျှင် အလွယ်ကူဆုံးနည်းလမ်းမှာ web browser ကို အသုံးပြုခြင်းဖြစ်ပါ သည်။
ဥပမာပြရလျှင်သူငယ်ချင်းဖြစ်သူက မိမိ၏ စမတ်ဖုန်းပေါ်၌သူ၏ Facebook account ကိုသုံးခွင့်ပြုရန် တောင်းလာသည့်အခါမျိုးဖြစ်သည်။ မိမိ၏ ဒုတိယ Facebook account ကိုလည်း web browser မှတစ်ဆင့်အပြိုင် သုံးနိုင်ပါသည်။ ထိုကိစ္စအတွက် မိမိနှစ်သက်ရာ browser တစ်ခုကို သုံးပြီး www.facebook.com သို့သွားရပါမည်။ ထိုအခါတွင် Facebook app ထဲ၌ မိမိသုံးလက်စ Facebook account ကို Logout လုပ်စရာမလိုဘဲ ဒုတိယ account ကို web browser တွင်သုံးနိုင်ပါသည်။တစ်ခုသတိပြုရမည်မှာ မိမိ ဖွင့်လိုသော account အတွက် two-step authentication ပြုလုပ်ထားပါက browser တွင် approve လုပ်မပေးဘဲ Log in ၀င်၍မရသည့်အချက်ဖြစ်ပါ သည်။ ထိုကိစ္စအတွက် အခြား device တစ်ခုကိုသုံးပြီး Login approval ပေးကာ ကျော်လွှားနိုင်ပါသည်။

<Whatsapp>
Whatsapp account သည် မိမိသုံးသောဖုန်းနံပါတ်နှင့် ချိတ်ထားပါသည်။ ထို့ကြောင့် မိမိ၏ဖုန်းနံပါတ်ရှိသော မိတ်ဆွေ သူငယ်ချင်းများ မိသားစုဝင်များ ကို ယင်း app ထဲတွင် မိမိကိုအလွယ်တကူရှာဖွေတွေ့ရှိပြီး ချိတ်ဆက်နိုင်ပါ သည်။ ဖုန်းနံပါတ်နှင့် အတည်ပြုချိတ်ဆက်ထားခြင်းက တစ်ဖက်တွင်ကောင်း ပြီး အခြားတစ်ဖက်တွင် မကောင်းပါ။ ဖုန်းနံပါတ်တစ်ခုတည်းဖြင့် တစ်ခုထက် ပိုသော account များပြုလုပ်သုံးစွဲနိုင်ခြင်း မရှိသောကြောင့်ဖြစ်ပါသည်။ မိမိ၏ ဖုန်းက ဆင်းကတ်နှစ်ခုလက်ခံနိုင်သည့်တိုင် ဤ၀န်ဆောင်မှုထဲတွင် Whats App အတွင်း account နှစ်ခုတစ်ပြိုင်တည်း သုံးစွဲခွင့်ရှိမည်မဟုတ်ပါ။

ကံကောင်းသည့်အချက်မှာ Parallel space app ကိုသုံးပြီး ယင်းအကြပ် အတည်း ကို ကျော်လွှားနိုင်ခြင်းဖြစ်ပါသည်။ Parallel space သည် အခမဲ့ သုံးစွဲနိုင်သော App ဖြစ်ပြီး www.bit.ly/parallel407 မှ နေ၍ download ချနိုင်ပါသည်။ ယင်း App က မိမိ၏ဖုန်းပေါ်တွင် virtual environment အသစ်တစ်ခုကို ဖန်တီးပေးပါသည်။ ထို့ကြောင့် အသစ်ရရှိလာမည့် Whats app virtual environment ထဲတွင်သီးခြား အမည်ဖြင့် အခြား account ခွဲတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။

App မူပွားပြုလုပ်ပေးနိုင်သော အခြား Android Apk များနှင့် မတူသည့်အခါမှာ Parallel space ကို Google play store မှ တိုက်ရိုက် download ဆွဲချနိုင် သည့်အပြင် ယင်းအတွက်ဖုန်းကို root ဖောက်စရာ မလိုခြင်းဖြစ်ပါသည်။ မိမိထပ်ဖွင့်မည့် account ခွဲမလုပ်မီတွင် ယင်းအတွက်သုံးမည့်ဆင်းကတ်သည် ဖုန်းထဲတွင်အသေအချာရှိနေရန်လိုအပ်ပါမည်။ အဘယ်ကြောင့် ဆိုသော် account ဖွင့်မည့်လုပ်ငန်းစဉ်အတွက် SMS verification code ဖြည့်သွင်းပေး ရန်လိုသည့်အတွက်ဖြစ်ပါသည်။

Whatsapp1 account အတွက် verification code ရလိုသည်ဆိုလျှင် ပြည်ပနှင့် SMS ပို့နိုင်သော ဆင်းကတ်များကိုသာ အသုံးပြုနိုင်ပါမည်။အကယ်၍ မိမိ၏ဆင်းကတ်ကိုပြောင်း၍ အသုံးပြုလိုက် သည်ဆိုလျှင်လည်း Parallel space သည် မိမိ၏ ဖုန်းနံပါတ် အဟောင်းမှ account နှင့်ဖုန်းနံပါတ်အသစ်မှ account တို့ကို လက်ရှိဖုန်းပေါ်တွင် တစ်ပြိုင် တည်းသုံးနိုင်စေမည့်နည်းလမ်းကို ပေးပါသည်။ တစ်ခုသတိပြုရမည်မှာ Whatsapp သည် account တစ်ခုကို ဖုန်းနံပါတ်တစ်ခုဖြင့် တစ်ချိန်တွင်သာ အသုံးပြုခွင့် ပေးပြီး ယင်း account ကို တစ်လုံးထက်မကသော ဖုန်းများတွင် သုံးခွင့်မပေးဆိုသည့်အချက်ဖြစ်ပါသည်။

ထို့ကြောင့် အခြား ဟန်းဆက်တစ်ခု တွင် ဆင်းကတ်အဟောင်းပြောင်းထည့်သည်ဆိုပါက ယင်းဆင်းကတ်ဖြင့် ပြုလုပ်ထားသော Whats Apps ကို အသုံးမပြုဘဲ ပိတ်ထားရပါမည်။ သုံးနေပါ က Log out ထွက်ပေးရပါမည်။ သို့မှသာ Parallel app က ဖန်တီးပေးထား သော Virtual environment ထဲတွင် ဆင်းကတ်အဟောင်းဖြင့် ဖန်တီးခဲ့သော account ကိုအသုံးပြုနိုင်ပါမည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

YouTube မှ Music Video များကို MP3 အဖြစ်ပြောင်းပေးမယ့် Peggo


YouTube မှ Music Video များကို ကြည့်ရှုနားဆင်တဲ့ အခါမှာ ဖြစ်ဖြစ်၊ ဒေါင်းလုပ်ပြုလုပ်တဲ့ အခါမှာ ဖြစ်ဖြစ် မိုဘိုင်း ဒေတာများစွာ ကုန်ကျပါတယ်။ အဲဒီ ဗီဒီိယိုများကို MP3 အဖြစ် ပြောင်းလဲပြီး ဒေါင်းလုပ်ပြုလုပ်ရင်တော့ မိုဘိုင်းဒေတာ အနည်းငယ်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်တာက Peggo လို့ အမည်ရတဲ့ Android App ဖြစ်ပါတယ်။ Peggo မှာ Search Box ပါရှိပြီး YouTube Video များကို ရှာဖွေနိုင်ပါတယ်။ ဗီဒီယိုရဲ့ URL ကို ကော်ပီကူးယူပြီး Peggo မှာ ထည့်သွင်းခြင်းဖြင့်လည်း ဗီဒီယိုများကို MP3 အဖြစ်ပြောင်းလဲပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ YouTube App မှ ဗီဒီယိုကို Peggo သို့ Share လုပ်ခြင်းဖြင့်MP3 အဖြစ် ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။
၁။ Peggo ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ Home Screen မှာ Search Box ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဆိုတော်နဲ့ သီချင်းအမည်ကို ရိုက်ထည့်ပြီိး ရှာပါ။ ဗီဒီယိုများ ကျလာရင် ဒေါင်းလုပ်ပြုလုပ်ချင်တာကို တစ်ချက်နှိပ်ပါ။
1
၂။ နောက်အဆင့်မှာ Title နဲ့ Artist အမည်ကို အလိုအလျှောက်ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ From နဲ့ To မှာ MP3 အဖြစ် Record ပြုလုပ်မယ့် အစမှတ်နဲ့ အဆုံးမှတ်ကို ထည့်သွင်းပေးနိုင်ပါတယ်။ Default အားဖြင့် Remove Silence မှာ အမှန်ခြစ်ပေးထားတဲ့အတွက် Music Video ရဲ့ အစနဲ့ အဆုံးမှ အသံမပါတဲ့ အပိုင်းများကို အလိုအလျှောက် ဖြတ်ထုတ်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ Record MP3 ခလုတ်ကို နှိပ်ပါ။
2
၃။ ဒါဆိုရင် Record or Download ပြုလုပ်တဲ့ နေရာကို ရောက်ရှိမှာ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြည့်တဲ့အထိစောင့်ပါ။ ပြီးရင်တော့ အဲဒီ MP3 ဖိုင်ကို တစ်ချက်နှိပ်ပြီး နားဆင်နိုင်ပါပြီ။
3
၎။ YouTube App ကို အသုံးပြုနေရင်းက နှစ်သက်တဲ့ Music Video တစ်ခုကို MP3 အဖြစ် ပြောင်းလဲချင်ရင် Share Button ကို နှိပ်ပါ။ Share Menu ပေါ်လာရင် Peggo ကို ရွေးပေးပါ။ ( အပေါ်ထိပ်မှ Copy URL ကို နှိပ်ပြီး Peggo ရဲ့ Search Box မှာ ထည့်သွင်းခြင်းဖြင့်လည်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။ )
4
နောက်အဆင့်မှာတော့ အပေါ်ကနည်းအတိုင်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။
၅။ Peggo ရဲ့ ညာဘက်အပေါ်ထိပ်မှ ဒေါင်လိုက် အစက်ကို နှိပ်ပြီး Settings ထဲသွားနိုင်ပါတယ်။ Status Bar Notifications မှာ အမှန်ခြစ်ဖြုတ်ရင် ဒေါင်းလုပ်ပြုလုပ်နေတဲ့ အခြေအနေကို Notification Bar မှာ ပြသပေးမှာ မဟုတ်ပါဘူး။ Download Location မှာတော့ Default အားဖြင့် Internal Storage > Music> Peggo အောက်မှာ သီချင်းများကို သိမ်းဆည်းပေးမှာပါ။ နှစ်သက်ရာ နေရာကို ပြောင်းလဲ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
5
Peggo ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 2.6MB ဖြစ်ပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
refer - http://www.blog.myanmardigitallife.com/







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...