
Asus ဟာ မနေ့က တိုင်ပေမြို့မှာ ပြုလုပ်သွားခဲ့တဲ့ ‘Zenvolution’ ပွဲမှာ
လက်ပ်တော့နဲ့ တက်ဘလက် မော်ဒယ်အသစ်သုံးမျိုးကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။
Zenbook 3 ၊ Transformer 3 Pro နဲ့ Transformer 3 လို့ အမည်ပေးထားတဲ့
မော်ဒယ်အသစ်သုံးမျိုးလုံးဟာ Windows 10 စနစ်သုံးတွေချည်းပဲဖြစ်ပြီး၊
ဈေးကလည်း အမြင့်စားတွေပဲဖြစ်ပါတယ်။
Zenbook 3 လက်ပ်တော့ကနေ စကြည့်မယ်ဆိုရင်၊ Asus ရဲ့ ပြောကြားချက်အရ
ဒီလက်ပ်တော့ဟာ Apple Macbook Air ထက် ပိုပါးပြီး၊ ပိုလည်း မြန်ဆန်တယ်လို့...