3/31/2016

ဘောလုံးဂိမ်း ချစ်သူများအတွက် PES 2016 Pro Apk +Data (Andriod Game)




ဘောလုံးဂိမ်း  ချစ်သူများအတွက် PES 2016  အရည်အရည် ကောင်းလွန်တဲ့ HD ဂိမ်း လူကြိုက်များတဲ့ 
PES 2016  ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်။ PES Football
ဂိမ်းတွေကတော့ ကစားရတဲ့အပိုင်းမှာ ပြောစရာမလိုအောင် ကောင်းမွန်
တာတွေ့ရပါတယ်။ ဆော့ကစားသူတွေလည်း ကြိုက်နှစ်သက်ပြီးသား PES 2016 Game
လေးတစ်ခုပါ။ ကဲ  ဆော့ကစားလိုသူတွေ   ဒေါင်းယူပြီး အမုန်းဆော့ ကစားနိုင်ပါပြီဗျာ။

Android HD  Games Install  ပြုလုပ်နည်း
APK ကိုအရင် Install လုပ်ပေးပါ။
ပြီးပါကဒေါင်းလို့  ရလာတဲ Obb RAR ကိုအရင်ဖြည်ပါ ။ ဖိုင်းအဖြစ်ကူးပြောင်းသွားပါက Obb ဖိုင်ကို ကူပြီး၊
ဖုန်းရဲ့ SD card >>Android>> ဖိုင်းကိုရှာပြီးဝင်လိုက်ပါ။
Data ဖိုင်ရဲ့ အောက်မှာ Obb ဖိုင်ထဲကို့ မိမိတို့ ရရှိလာတဲ obb ကိုထည့်ပေးလိုက်ပါ /
ပြီးရင်တော့ ဆော့ကစားနိုင်ပါပြီ။
အဆင်ပြေပါစေ၊၊

Screen Shoot






Download From  Here  Apk


Download Apk+( Data ) 194.11 MB






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

One Click Root AllDevices များစွာအတွက် ကလစ်တစ်ချက်နဲ့အမှန်အကန် ပြုလုပ်ပေးမယ့် Root ဘုရင်ကြီး အသစ်ထွက်လာပါပြီ KingRoot 4.8.5 Apk





KingRoot  4.8.5 Apk အသစ်ကို KingRoot မှအသစ်ဖြန့်ချီလိုက်ပါပြီ ခင်ဗျာ .. Android Model All Devices အမြင့် ဖုန်းတွေကို ဖုန်းထဲကနေ အလွယ်ဆုံး  One Click နဲ့ Root နိုင်ပြီဖြစ်ပြီး Android Device အစုံကိုလည်း Root ဖောက်နိုင်ပြီဟု ကြွေးကျော်နေတဲ့ Root ဘုရင်ကြီးကို တစ်ကယ့်လည်း လေးစားပါတယ်ဗျာ။အခုလည်း Android Device အားလုံးနီးပါးကို
ယခု ယနေ့ ထွက်ရှိလာတဲ့ ဗားရှင်းအသစ်တွင် Root လုပ်နိုင်ပြီဖြစ်ကြောင်း KingRoot ၏ ၀က်ဆိုဒ်တွင်လုံးဝ အာမခံတာကို ဖော်ပြထားပါပြီ။ ယနေ့ အသစ်ထွက်ရှိလာတဲ့ဗားရှင်းတွင်လည်း လုံးဝ Error ကင်းကင်းနဲ Root လုပ်လာတာတွေ တွေ့ ရမှာဖြစ်ပြီး Android မိုဘိုင်းဖုန်းတွေကို Root လုပ်ချင်တဲ့ အခါကျရင် KingRoot နဲအရင်စမ်းပြီးမှ မအောင်မြင်မှသာ အခြားသော Root Application တွေနဲ စမ်းသမ်စေချင်ပါတယ်။

KingRoot  4.8.5 Update Version အားအောက်မှာ ဒေါင်းယူရန်။



Download From Here 


Download From Here 






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

♪ Apple ၏ အကူအညီမလိုအပ်ဘဲ iPhone ကို unlock ပြုလုပ်နိုင်ခဲ့ကြောင်း အမေရိကန်တရားရေးရာဌာနမှ ထုတ်ပြန် ♫


အမေရိကန်တရားရေးရာဌာနသည် Apple အကူအညီမပါမဝင်ဘဲ iPhone ကို unlock ပြုလုပ်နိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တနလာင်္နေ့က ထုတ်ပြန်သွားခဲ့သည်။ ထို့အပြင် အမေရိကန်တရားရေးဌာနအနေဖြင့် လူပေါင်းများစွာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် စုံစမ်းစစ်ဆေးမှုအတွင်း Apple ထံမှ အကူအညီရရှိရန် FBI က ဥပဒေရေးရာအရ အတင်းအကျပ် ဖိအားပေးမှုများကိုလည်း ရုတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလတွင် ကယ်လီဖိုနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ရှိ သေနတ်သမားဖြစ်သူ ဆာယစ်ရစ်ဇ်ဝမ်ဖာရွတ်သည် လူ ၁၄ ဦးကို ပစ်ခတ်ခဲ့ပြီး ၎င်းအသုံးပြုခဲ့သော iPhone အား ထိုးဖောက်ရန် Apple အကူအညီကို တောင်းခံသည့်အမှုမှာ အစိုးရနှင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး နည်းပညာကုမ္ပဏီအကြား အဆုံးသတ်သွားခဲ့သည်။ ထိုအမှုတွင် Apple သည် အာဏာပိုင်များကို ကူညီရန် ငြင်းဆန်ခဲ့သောကြောင့် တစ်ကိုယ်ရေလွတ်လပ်ခွင့် သို့မဟုတ် လုံခြုံရေးအကြား မည်သည့်အရာက ပိုမိုအရေးကြီးကြောင်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက iPhone ကို unlock ပြုလုပ်ခဲ့သောကြောင့် Apple ထုတ်ကုန်များအတွင်းရှိ လုံခြုံရေးစွမ်းရည်အပေါ် မေးခွန်းထုတ်လာကြသလို မရေရာမှုများ ဖြစ်ပေါ်လာကြသည်။ အသစ်ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ထုတ်ကုန်ကို ထိုးဖောက်ခဲ့သည့် နည်းလမ်းနှင့်ပတ်သက်၍ အစိုးရနှင့် Apple အကြား ပဋိပက္ခသစ်များကို ဖြစ်ပေါ်နိုင်သည့် အလားအလာရှိသည်။ အစိုးရအနေဖြင့် iPhone ကိုထိုးဖောက်ရာတွင် အသုံးပြုခဲ့သော အဆိုပါနည်းလမ်းကို ထုတ်ပြန်ခြင်း ရှိ၊မရှိကို မသိရသေးပေ။ ကုမ္ပဏီအနေဖြင့် အစိုးက လျို့ဝှက်ထားဖွယ်ရှိသည့် iPhone ကိုထိုးဖောက်ခဲ့သည့် လုပ်ငန်းစဉ်ကို သိရှိလိုကြောင်း Apple ၏ရှေ့နေများက ပြောကြားခဲ့ဖူးသည်။

“ဥပဒေရှုထောင့်ကကြည့်ရင် ဆန်ဘာနာဒီနိုအမှုမှာ ဖြစ်ခဲ့တာတွေက တရားရင်ဆိုင်မှုတွေ ပြီးသွားပြီလို့ မဆိုနိုင်ပါဘူး” American Civil Liberties Union မှ ရှေ့နေဖြစ်သူ အီရှာဘန်ဒါရီက ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် iPhone ကိုထိုးဖောက်သည့် လုပ်ငန်းစဉ်ကို အသုံးပြုရာတွင် တွေ့ရှိသည့် အားနည်းချက်နှင့်ပတ်သက်၍ သတင်းအချက်အလက် ထုတ်ပြန်ပေးလျှင် Apple အနေဖြင့်အားနည်းချက်များကို ပြင်ဆင်နိုင်မည် ဖြစ်သည်။

“သူတို့အနေနဲ့ Apple ကို သတင်းအချက်အလက်ပေးဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒါမှပဲ ကုမ္ပဏီက ဘယ်အားနည်းချက်ကိုမဆို ပြင်ဆင်နိုင်မှာပါ။ ဒါပေမဲ့ အစိုးရက အဲဒီ tool ကို လုံခြုံရေးအဆင့် သတ်မှတ်လိုက်မယ်ဆိုရင် မပြုလုပ်ဖို့ အဆိုပြုပါတယ်” ဟု အီရှာဘန်ဒါရီက ပြောကြားခဲ့သည်။

တနင်္လာနေ့က တရားရုံးသို့ တင်သွင်းခဲ့သည့် စာပိုဒ်နှစ်ပိုဒ်ပါ စာတွဲတွင် “ယခုအခါ ဖာရွတ်၏ iPhone အတွင်းရှိအချက်အလက်များကို အောင်မြင်စွာ ရယူနိုင်ခဲ့သောကြောင့် Apple ထံမှအကူအညီ လိုအပ်ခြင်း မရှိတော့ကြောင်း” အမေရိကန်တရားရေးဆိုင်ရာဌာနမှ ရေးသားထားသည်။

FBI စုံစမ်းစစ်ဆေးသူများသည် ဖုန်း၏အကြောင်းအရာများကို စစ်ဆေးလေ့လာနေသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

Ref: NYTimes

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ Huawei ဖုန်းဝယ်ယူပါက တရားဝင်ထုတ်ကုန် ဟုတ်၊ မဟုတ် IMEI နံပါတ်ကို Scan ဖတ်စစ်ဆေးရန် တောင်းဆိုသင့် ဟုဆို ♫


Huawei ဖုန်းဝယ်ယူပါက တရားဝင်ထုတ်ကုန် ဟုတ်၊ မဟုတ် IMEI နံပါတ်ကို Scan ဖတ်စစ်ဆေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။
ဆိုင်ဝန်ထမ်းအား Huawei IMEI နံပါတ်ကို စကန်ဖတ်ကာ စစ်ဆေးစေပြီး သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာရှိပါက ၂၄ နာရီ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ရန်လည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆိုသည်။
Huawei ၏ Hotline ကို ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ကာ Huawei Call Center 01-9000900 ဖြစ်ကြောင်း၊ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိထားသော တရားဝင်ထုတ်ကုန်များအကြောင်းကိုလည်း မေးမြန်းနိုင်မည် ဟုဆိုသည်။
တရားဝင်ထုတ်ကုန်များကို ဝယ်ယူပါက အခြားခံစားခွင့်များ ရရှိမည်ဖြစ်၍ ထိုကဲ့သို့ ဆောင်ရွက်ထားခြင်းဟု သိရသည်။ Huawei တရားဝင်ထုတ်ကုန်များကို ဝယ်ယူပါက တစ်နှစ်အတွင်း ပြင်ဆင်မှုများအတွက် လက်ခ အခမဲ့၊ ဘက်ထရီ အာမခံခြောက်လ၊ နားကြပ် အာမခံသုံးလတို့ပါဝင်သော အာမခံသက်တမ်း တစ်နှစ်ကိုရရှိမည်ဟု ဆိုသည်။ လက်ရှိတွင် တရားဝင်ထုတ်ကုန်များကိုသာ ရောင်းချသောဝန်ဆောင်မှု စင်တာများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်ရောင်းချပေးနေပြီဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ မူဆယ်နှင့် တောင်ကြီး အစရှိသည့်မြို့များတွင် ဖွင့်လှစ်ထားပြီး စုစုပေါင်း ၁၂ ဆိုင်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ Apple iPhone SE ♫


iPhone 7 ထွက်လာမယ်လို့ ထင်ထားကြပေမယ့် တကယ်တမ်း ထွက်လာတာကတော့ iPhone SE ဖြစ်နေပါတယ်။ iPhone SE ကို Apple က မတ်လ ၂၁ ရက်မှာ ပွဲထုတ်မိတ်ဆက်ခဲ့တာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာ စတင်ဖြန့်ချိ ရောင်းချပါတော့မယ်။ SE အတွက် အမှာစာတွေကိုလည်း လက်ခံနေပါပြီ။ ယူနိုက်တက်ကင်းဒန်း (UK) အတွက် မတ်လ ၂၄ ရက်ကတည်းက အမှာစာ လက်ခံခဲ့တာ ဖြစ်ပါတယ်။
16 GB နဲ့ 64 GB ဆိုပြီး နှစ်မျိုးထွက်လာမှာဖြစ်ပြီး အရောင်က Silver, Gold, Space Grey and Rose Gold တို့နဲ့ တွေ့ရမှာဖြစ်ပါတယ်။ ထူးခြားတာက မျက်နှာပြင် ၅.၅ လက်မအရွယ် Phablet တွေ ခေတ်စားနေတဲ့ အချိန်မှာ Apple က မျက်နှာပြင် ၄ လက်မအရွယ်နဲ့ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့က 16 GB ကို ကန်ဒေါ်လာ ၃၉၉ နဲ့ 64 GB ကို ကန်ဒေါ်လာ ၄၉၉ သတ်မှတ်ထားပါတယ်။

အားသာချက်
iPhone 5/5S cases ရဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ သုံးနိုင်ပြီး iPhone 6S ကို အသေးချုံ့ထားတယ်လို့ ထင်ရပါတယ်။ ကိုင်တွယ်လို့ကောင်းတဲ့ ၄ လက်မအရွယ်အစားဖြစ်ပါတယ်။ ပရိုဆက်ဆာနဲ့ ကင်မရာတို့က အတော်ကောင်းပါတယ်။
အားနည်းချက်
Selfie ကင်မရာကို အဆင့်မြှင့်ထားတာ မတွေ့ရပါဘူး။ 3D Touch လည်း ပါမလာပါဘူး။ ကြည့်ကောင်းတယ်လို့ဆိုပေမယ့် ယခင်ဒီဇိုင်းဟောင်း iPhone 5S နဲ့ အမွှာလို့တောင် ပြောနိုင်ပါတယ်။

ခြုံငုံသုံးသပ်ချက်
လက်ထဲမှာ ကိုင်ထားရတာက iPhone 5S ကို ကိုင်ထားရတယ်လို့ ခံစားရပေမယ့် သုံးလိုက်တဲ့အခါမှာ iPhone 6S ကို သုံးရတယ်လို့ ခံစားရမှာပါ။ ဒီဇိုင်း၊ ကင်မရာ၊ feature နဲ့ စွမ်းဆောင်ရည်တွေကို ခြုံကြည့်ရင် အတော်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းကို Web-browsing ဆက်တိုက်လုပ်မယ်ဆိုရင်တော့ ဘက်ထရီက ၁၂ နာရီကနေ ၁၃ နာရီကြား အသုံးခံပါတယ်။ Touch ID ပိုင်းကလည်း အထူးပြောဖို့မလိုပါဘူး။
Display
4-inch 1136x640 (326 ppi)
Storage
16GB or 64GB storage
Processor
A9 processor
RAM
2GB
Camera
12 megapixel (rear), 4K video recording, Live Photos - 1.2 megapixel (front-facing), Retina Flash for dim lighting
Connectivity
802.11ac Wi-Fi, LTE, Voice over LTE, Wi-Fi calling
Colors
space gray, silver, gold, rose gold
Ref: CNET

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...